Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Comic Con မှ 'Batman v Superman: Dawn Of Justice' ရဲ့ ဒုတိယမြောက် ရုပ်ရှင်အညွှန်း ထွက်ရှိ

Comic Con မှ 'Batman v Superman: Dawn Of Justice' ရဲ့ ဒုတိယမြောက် ရုပ်ရှင်အညွှန်း ထွက်ရှိ

| No comment



DC Comics ပရိသတ်တွေ စောင့်မျှော်နေခဲ့တဲ့ Batman v Superman: Dawn of Justice ရုပ်ရှင်ရဲ့ အသစ်စက်စက် ရုပ်ရှင်အညွှန်းကို Comic-Con က ပြီးခဲ့တဲ့ တစ်ပါတ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် Comic-Con ရဲ့ Batman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ben Affleck အပြင် Wonder Woman အဖြစ် ပထမဆုံးသရုပ်ဆောင်မယ့် Gal Gadot နဲ့ Lex Luthor အဖြစ် Jesse Eisenberg က သရုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပြီး ရုပ်ရှင်အကြောင်းကို ဒါရိုက်တာဖြစ်သူ Zack Snyder က နည်းနည်းချင်းစီ မိတ်ဆက်ပြသပေးနေတာ ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း ပထမပိုင်းကို ဧပြီလတုန်းက ပြသခဲ့ပြီး ပြန်လည်သုံးသပ်ချက်တွေနဲ့ တွဲဖက်ပြသခဲ့တာဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့အတိုင်း ရုပ်ရှင်ရဲ့ အထွဋ်အထိပ်ခန်းတွေကို ပြသခဲ့တာဖြစ်ပါတယ်။

Superman (Henry Cavill) နဲ့ 2013 ခုနှစ် “ Man of Steel “ မှ General Zod (Mihael Shannon) တို့ရဲ့ တိုက်ပွဲတွေကြားမှာ အပျက်အစီးပေါင်းများစွာကို တွေ့ရှိရမှာဖြစ်ပြီး Zod ရဲ့ ကမ္ဘာမြေကို အခြား Krypton အဖြစ်ပြောင်းလဲပစ်ပြိး လူသားမျိုးနွယ်အားလုံးကို ဖျက်စီးပစ်မယ့် အကြံအစည်ကို Superman က ကာကွယ်ဖို့ကြိုးစားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို တွေ့ရှိရမှာဖြစ်ပါသတဲ့။

 “ ဒီနေ့ဟာ အမှန်တရားအတွက် နေ့တစ်နေ့ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်၊ ဘာအတွက် ဖြစ်တည်နေကြတယ်ဆိုတာကို သိဖို့လိုအပ်နေပါပြီ” လို့ လွှတ်တော်အမတ်တစ်ဦးက Superman ကို ပြောဆိုနေတာ တွေ့ရပါတယ်။ “ ဒီလို စွမ်းအားတွေဟာ အလွန်အန္တရာယ်များပါတယ်” လို့လည်း ပြောထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse