Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကောက်ကြောင်းတွေ ပြောင်းလဲလာတဲ့ Demi Lovato

ကောက်ကြောင်းတွေ ပြောင်းလဲလာတဲ့ Demi Lovato

| No comment



Demi Lovato ဟာ ကောက်ကြောင်းတွေလှပနေပြီး အဲဒီအတွက်လည်း သူမက ဂုဏ်ယူနေပါတယ်။ သူမဟာ သူမရဲ့ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို ဓါတ်ပုံ ရိုက်ယူပြီး Instagram မှာ တင်ထားခဲ့ပါတယ်။

တနင်္ဂနွေနေ့က သူမဟာ ထိုင်ခုံပေါ်မှာ လဲလျောင်းနေပြီး ဘောင်းဘီအတို ကို ၀တ်ဆင်ကာ ခြေထောက်တစ်ဖက်ကို ထောင်ထားတဲ့ ဓါတ်ပုံကိုလည်းတင်ထားပါသေးတယ်။ ထို ဓါတ်ပုံကို သူမက "ကျွန်မဟာ ကျွန်မရဲ့ ကောက်ကြောင်းတွေကို မုန်းလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မအတွက် အရေးကြီးတဲ့တစ်ယောက်က ဒါတွေကို ဘယ်လိုချစ်ရမလဲလို့ သင်ပေးခဲ့ပါတယ်။ သူလည်း ဒါတွေကို ချစ်ပါတယ်။ " လို့ ရေးသားထားပါတယ်။

သူမပြောချင်တဲ့ အရေးကြီးတဲ့တစ်ယောက်ဆိုတာ သူမရဲ့ အချိန်ကြာကြာတွဲခဲ့တဲ့ ချစ်သူ Wilmer Valderrama ကို ရည်ရွယ်ထားတာဖြစ်ပြီး သူမရဲ့ သီချင်းအသစ် Cool For The Summer သီချင်းဟာလည်း လက်ရှိမှာ ရေပန်းစားနေပါတယ်။

ထို ဓါတ်ပုံဟာလည်း  Like တွေ အကြိမ် ၈၀၀၀၀၀ ရရှိခဲ့ပါတယ်။

နောက်ထပ် ဓါတ်ပုံတစ်ပုံမှာလည်း အသက် ၂၂ နှစ်သာရှိသေးတဲ့ Demi ဟာ သူငယ်ချင်းတစ်ယောက် ပွေ့ချီတာကိုခံထားရပြီး သူမကတော့ အနက်ရောင် ဘရာစီယာ နဲ့ ဘောင်းဘီ အတိုတစ်ထည်ကိုသာ ၀တ်ဆင်ထားပါတယ်။

သီချင်းအသစ် ပရိုမိုးရှင်းအတွက် အလုပ်လုပ်နေတဲ့ Demi Lovato ဟာ အခုလို လှပတဲ့ ကောက်ကြောင်းတွေ ရရှိလာဖို့အတွက် ပြီးခဲ့တဲ့ တစ်နှစ်လုံး Gym ဆော့ပြီး အစားအသောက်တွေလည်း ဆင်ခြင်ခဲ့ရတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse