Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Demi Moore ရဲ့နေအိမ်ရေကူးကန်အတွင်း လူတစ်ယောက်သေနေတာကိုတွေ့ရှိ

Demi Moore ရဲ့နေအိမ်ရေကူးကန်အတွင်း လူတစ်ယောက်သေနေတာကိုတွေ့ရှိ

| No comment



နောက်ဆုံးရ သတင်းတွေ က ဖော်ပြထားတာကတော့ ဟောလီးဝုဒ် မင်းသမီး တစ်ယောက်ဖြစ်တဲ့ Demi Moore ရဲ့ နေအိမ် ရေကူးကန်ထဲမှာ လူတစ်ယောက် သေနေတာကို တွေ့ခဲ့ရပါတယ်။

ခိုင်လုံတဲ့ သက်သေ အရင်းအမြစ်တွေက ဆိုကြတာကတော့ Demi Moore ရဲ့ လက်ထောက် (သို့) သူမရဲ့ ကလေး ၃ ယောက်ထဲက တစ်ယောက်က ထို သေနေတဲ့ အမျိုးသားအား ရေကူးကန်ပါတီကိုလာရောက်ဖို့ ဖိတ်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Demi Moore ရဲ့ နေအိမ်မှာ ဘယ်သူပါတီပွဲ လုပ်ခဲ့တယ်ဆိုတာတော့ အခုထိ အဖြေမပေါ်သေးပါဘူး။

ရဲတပ်ဖွဲ့ဝင်တွေ ပြောထားတာကတော့ Demi Moore နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ ရေကူးကန်ပါတီပွဲမှာ ယမကာ တွေ အခမဲ့သောက်သုံးခွင့်ပေးထားပြီး အရေအတွက်တော့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့မနက်ပိုင်းကမှ ဟောလီးဝုဒ်တောင်ပေါ်မှာရှိတဲ့ Demi Moore နာမည်နဲ့ ၀ယ်ယူထားတဲ့ ထိုအိမ်မှာ လူတစ်ယောက် သေနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက လာရောက် စစ်ဆေးခဲ့ရတာပဲဖြစ်ပါတယ်။ ထို အိမ်မှာ Demi Moore နဲ့ Ashton Kutcher နဲ့ လက်ထပ်ထားစဉ်ကလည်း ၂ ယောက်ဝေမျှပြီး နေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။

ရဲတွေရဲ့ စစ်ဆေးမှုတွေအရတော့ လက်ရှိအချိန်မှာ သေဆုံးနေသူဟာ အသက် ၂၁ နှစ်အရွယ် အမျိုးသား တစ်ယောက်ဖြစ်တယ်ဆိုတာကလွဲပြီး ကျန်တာမသိရသေးပါဘူး။ ထိုနေအိမ်ပတ်ဝန်းကျင်မှာလည်း အခြား အနုပညာရှင်တွေနေထိုင်ကြပါသေးတယ်။ Demi Moore ရဲ့ နေအိမ်အနီးကအိမ်ကတော့ Angelina Jolie ရဲ့ ဖခင်ဖြစ်သူ Jon Voight ရဲ့ အိမ်ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ထိုအမျိုးသားသေဆုံးနေချိန်မှာတော့ အသက် ၅၂ နှစ်အရွယ် Demi Moore နဲ့ သူမရဲ့ကလေးတွေဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Rumer Willis ၊ အသက် ၂၃ နှစ်အရွယ် Scout LaRue Willis နဲ့ အသက် ၂၁ နှစ်အရွယ် Tallulah Willis တို့ဟာ တစ်ယောက်မှာ အိမ်မှာ မရှိကြပါဘူး။ ဒါ့အပြင် ထို အိမ်ကိုလည်း သူမတို့မိသားစု ရေကူးကန်ပါတီပွဲကျင်းပမှာသာ အသုံးပြုလေ့ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကပဲ Demi Moore ၊ Scout LaRue Willis နဲ့ Tallulah Willis တို့ သားအမိ ၃ ယောက် ထို လူသေခဲ့တဲ့ ရေကူးကန်ရှေ့မှာ Bikini တွေဝတ်ဆင်ပြီးရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို Demi Moore ကတင်ထားခဲ့ပါသေးတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ Demi Moore ရဲ့ နေအိမ်မှာ သေဆုံးနေခဲ့သူရဲ့ သေဆုံးရခြင်းအကြောင်းအရင်း စုံစမ်းဖော်ထုတ်နေဆဲပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse