Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘DS2’ အယ်လ်ဘမ်နဲ့ Billboard နံပါတ် တစ် ချိတ်ခဲ့တဲ့ Future

‘DS2’ အယ်လ်ဘမ်နဲ့ Billboard နံပါတ် တစ် ချိတ်ခဲ့တဲ့ Future

| No comment



Future Hive ဟာ Dirty Sprite 2 အယ်လ်ဘမ်နဲ့ Billboard 200 Chart မှာ ပထမဆုံးအကြိမ် နံပါတ်  ၁ ချိတ်ခဲ့ပါတယ်။

Future ရဲ့ တတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ DS2 ဟာ ပထမပတ်မှာတင် အယ်လ်ဘမ်ပေါင်း ၁၄၇၀၀၀ ပေါင်းရောင်းချခဲ့ရပါတယ်။ သူ့ရဲ့နေရာမှန် ကိုရောက်ရှိပြီးတဲ့နောက်မှာတော့ သူ့ပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း “ဒီကမ္ဘာပေါ်က အကောင်းဆုံးပရိသတ်တွေ… ခင်ဗျားတို့အားလုံး #DS2 ကိုထိုက်တန်အောင် အရာရာလုပ်ပေးလိုက်တာပါပဲ။” လို့ သူက Twitter ပေါ်မှာရေးသားခဲ့ပါတယ်။

၂၀၁၁ခုနှစ် mixtape ထွက်ပြီးတဲ့နောက်မှာ DS2 ထွက်ရှိလာတာဖြစ်ပြီူ Future ရဲ့အရင် အယ်လ်ဘမ်ဖြစ်တဲ့ Honest ထက်ကို နှစ်ဆရောင်းရခဲ့ပါတယ်။ Honest အယ်လ်ဘမ်ဟာလည်း ထွက်ထွက်ချင်းပထမပတ် မှာတင် အချပ်ရေပေါင်း ၅၃၀၀၀ ရောင်းချခဲ့ရတာပါ။

“Blow a Bag” ကာရံသမား Futureဟာ Taylor Swift ရဲ့ 1989 နဲ့ Meek Millရဲ့ Dreams Worth More Than Money တို့ကို Billboard ဇယားမှာ ကျော်လွန်ခဲ့တာပဲဖြစ်ပါတယ်။

“Future အတွက် ကျွန်တော် တကယ့်ကိုဂုဏ်ယူတယ်ဗျာ။ ပွဲဦးထွက် နံပါတ် ၁ အယ်ဘယ်ပေါ့။ Future ဟာ ကျွန်တော်အလုပ်တွဲလုပ်ခဲ့ဖူးသမျှထဲက အမြင်အရှိဆုံး အနုပညာရှင်တွေအနက်က တစ်ယောက်ပါပဲ။” လို့ Epic Records ရဲ့ အမှုဆောင်အရာရှိချုပ် ဥက္ကဌ L.A. Reid ကပြောသွားပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Boombox