Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စေ့စပ်ထားမှုကို ဖျက်သိမ်းလိုက်တဲ့ Iggy Azalea

စေ့စပ်ထားမှုကို ဖျက်သိမ်းလိုက်တဲ့ Iggy Azalea

| No comment



သြဇီသူ ရပ်ပါမလေး Iggy Azalea ဟာ NBA ဘတ်စကတ် ဘော အကျော်အမော် Nick Young နဲ့ စေ့စပ်ထားမှု ကို ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။

Star မဂ္ဂဇင်းက ဖော်ပြထားတာကတော့ အသက် ၂၅ နှစ်အရွယ် အဆိုတော်မလေး Iggy ဟာ ဗြိတိန် တီဗွီ တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ်  Donatella Panayiotou က LA Lakers အသင်းက ဘတ်စကတ်ဘောသမား Nick နဲ့ သူမနဲ့ဟာ ရေမြေခြား ဆက်ဆံရေး တစ်ခု လို ဖြစ်နေတယ်လို့ အခိုင်အမာဆိုလိုက်ပြီးတဲ့နောက်မှာ စေ့စပ်ပွဲကိုဖျက်သိမ်းဖို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ Iggy Azalea ဟာ Nick Young ရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတယ်လို့ ဆိုထားပါတယ်။ သူမဟာ Nick ကို Instagram မှာလည်း unfollow လုပ်ထားတာတွေ့ရပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက တွဲလာခဲ့တဲ့ သူမတို့ စုံတွဲဟာ ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Nick Young ရဲ့ အသက် ၃၀ နှစ်ပြည့် မွေးနေ့မှာ စေ့စပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Iggy Azalea အတွက်တော့ ဒီနှစ်ဟာ ခက်ခဲ့တဲ့အချိန်ကာလတွေပဲဖြစ်ခဲ့ပါတယ်။ သူမဟာ သူမရဲ့ Great Escape လို့အမည်ပေးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကိုလည်း လက်မှတ်တွေမရောင်းရတဲ့အတွက် ပယ်ဖျက်လိုက်တယ်လို့သိရပြီး သူမနဲ့ Britney Spears နဲ့ ပေါင်းပြီး သီဆိုထားတဲ့ Pretty Girls ဆိုတဲ့သီချင်းဟာလည်း ထင်သလောက် အောင်မြင်မှု မရခဲ့ပါဘူး။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse