Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခင်ပွန်းလောင်းရဲ့ ကိုယ်သင်းရနံ့ ကိုသဘောကျတယ်ဆိုတဲ့ Jennifer Aniston

ခင်ပွန်းလောင်းရဲ့ ကိုယ်သင်းရနံ့ ကိုသဘောကျတယ်ဆိုတဲ့ Jennifer Aniston

| No comment



ဟောလီးဝုဒ် မင်းသမီး တစ်ယောက်ဖြစ်တဲ့ Jennifer Aniston ဟာ သူမရဲ့ ခင်ပွန်းလောင်း Justin Theroux ရဲ့ ကိုယ်သင်းရနံ့ကို နှစ်သက်ပါတယ်တဲ့။ People မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရတော့ မင်းသမီးဟာ သူမ နဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း နဲ့ ကြားမှာ ရှိတဲ့ အချစ်ရေး အခြေအနေတွေကို ထုတ်ဖော်ပြောပြခဲ့ပြီး သူ့ရဲ့ ကိုယ်သင်းရနံ့ ကိုလည်း ဘယ်လောက်ထိ နှစ်သက်ကြောင်းပြောပြခဲ့ပါတယ်။

"ကျွန်မဟာ ယောကျာင်္းတွေနဲ့ ပတ်သက်ရင် အမွှေးနံ့သာတွေကို ဆန့်ကျင်တဲ့ လူတစ်ယောက်ပါ။ ကျွန်မဟာ သူတို့ရဲ့ သဘာဝအတိုင်းကိုယ်သင့်ရနံ့ကိုပဲသဘောကျပါတယ်။ သူတို့ရဲ့ ချွေးကြောင့်ဖြစ်ပေါ်လာတဲ့ ကိုယ်သင်းရနံ့ ကိုပဲ သဘောကျပါတယ်။" လို့ Jennifer Aniston က ဆိုပါတယ်။

သူမရဲ့ ပြောပုံအရတော့ သူမရဲ့ ခင်ပွန်းလောင်းဟာ အမွှေးနံ့သာတွေရဲ့ အဝေးမှာ နေသွားရဖွယ်ရှိနေပါတယ်။ "သူ့ဆီမှာ စန္ဒကူး လို ရနံ့မျိုးရှိပါတယ်။ အဲဒီရနံ့က ကျွန်မသူ့ကို ကြွေသွားစေတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါလိမ့်မယ်။" လို့ Jennifer Aniston က ဆိုထားပါတယ်။

ဒါ့အပြင် Jennifer က Justin ရဲ့ ၀တ်ပုံစားပုံ နဲ့ လုနေမှု စတိုင်လ်တွေကိုလည်း ဖွင့်ဟပြောပြခဲ့ပါသေးတယ်။ "ကျွန်မတို့ ၂ ယောက်က သူ ဟာဝိုင်အီ မှာ Tropic Thunder ဆိုတဲ့ ရုပ်ရှင် ရိုက်ကူးနေရင်း ဆုံခဲ့ကြတာပါ။ သူဟာ အနက်ရောင်တွေပဲ အားလုံး ၀တ်ဆင်ထားပါတယ်။ ကျွန်မလည်း သူ့ကိုကြည့်ရင်းနဲ့ပဲ ချွေးတွေပြန်လာရပါတယ်" လို့ ဖွင့်ဟ ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Jennifer Aniston က သူမရဲ့ ခင်ပွန်းလောင်း နဲ့ပတ်သက်ပြီး ကိုယ်သင်းရနံ့ အကြောင်းတွေထည့်သွင်းပြောပြရခြင်း အကြောင်းအရင်းကတော့ သူမဟာ လက်ရှိမှာ ရေမွှေးတစ်မျိုးကို ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ထိုရေမွှေးထုတ်လုပ်တဲ့အခါမှာလည်း သူမဟာ ပန်းတွေကနေ လယ်သာ ခါးပတ်အထိ ရနံ့အားလုံးကို စတင် လေ့လာကြည့်ခဲ့တယ်လို့ဆိုပါတယ်။ လအနည်းငယ် စမ်းသပ်ပြီးတဲ့အခါမှ စိတ်ဝင်စားစရာ အကောင်းဆုံး ရနံ့ တစ်မျိုးကိုတွေ့ရှိခဲ့ပြီး သူမ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ အကြံဥာဏ်ကိုလည်း ရယူခဲ့တယ်လို့ သူမက ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse