Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Johnny Depp က လင်းနို့အကောင်ပေါက်လေးကို ရုပ်ရှင် ရိုက်ရင်း အစာကျွေး

Johnny Depp က လင်းနို့အကောင်ပေါက်လေးကို ရုပ်ရှင် ရိုက်ရင်း အစာကျွေး

| No comment



Johnny Depp ဟာ Pirates of the Caribbean 5 ရိုက်ကူးနေစဉ် မိဘမရှိတော့တဲ့ လင်းနို့လေးတစ်ကောင်ကို တွေ့ရှိခဲ့ပြီး အစာရေစာကျွေးမွေးခဲ့ပါတယ်။

Captain Jack Sparrow တောင်မှ တိရိစ္ဆာန်ပေါက်စလေးတွေကို ချစ်တတ်ပါတယ်။

Australian Bat Clinic & Wildlife Trauma စင်တာက ဗီဒိယိုနဲ့ Johnny Depp ပင်လယ်ဓါးပြပုံစံ ၀တ်စားဆင်ယင်ထားပြီး မိဘမဲ့လင်းနို့ပေါက်စလေး Jackie Sparrow ကို ပွေ့ချီပြီး နို့တိုက်ကျွေးနေတဲ့ ဓါတ်ပုံတွေကိုလည်း မကြာသေးခင်ကပဲ ထုတ်ဖော်ပြသခဲ့ပါတယ်။

တောရိုင်းတိရစ္ဆာန် ပြုစုစောင့်ရှောက်ရေး ဆေးခန်းက သြစတြေးလျမှာ Pirates of the Caribbean 5 ဇာတ်ကား ရိုက်ကူးနေတဲ့  Depp ဟာ လင်းနို့လေးကို စပွန်ဆာပေးနေတာပါ လို့ ဆိုပါတယ်။

 “ သူ့ဟာ တကယ့်ကိုစိတ်ဝင်တစားနဲ့ ကျွေးမွေးနေတာ အရမ်းကြည့်ကောင်းပါတယ် ပြီးတော့ လင်းနို့တွေအပေါ် စိတ်ဝင်စားမှုတွေ ပိုမိုရရှိလာအောင် ကျွန်တော်တို့ကို အကူအညီပေးနေတာပါ” လို့ လည်း ပြောထားပါသေးတယ်။

ဒီလင်းနို့တွေအတွက် ဆေးကုသစင်တာဟာ သြစတြေးလျမှာ Depp သွားရောက်လည်ပတ်ခဲ့တဲ့ ပရဟိတအဖွဲ့အစည်း တစ်ခုတည်းမဟုတ်ပါဘူး။ ဒီလအစောပိုင်းတုန်းကလည်း Depp ဟာ Jack Sparrow လိုဝတ်ဆင်ပြီး Brisbane ရှိ Lady Cilento ကလေးဆေးရုံက ကလေးငယ်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi