ဟောလီးဝုဒ် ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jonah Hill ဟာ ပြီးခဲ့တဲ့အပတ်က နယူးယော့ခ်မြို့ထဲမှာ အစားအသောက် ထွက်ဝယ်နေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်အနေအထားဟာ အရင်ကနဲ့ မတူပဲ သိသိသာသာ ၀လာတဲ့အတွက် ပရိတ်သတ်တွေကတော့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မင်းသား Jonah ဟာ နိုလီတာ ရပ်ကွက်ထဲမှာ ရှိတဲ့ စမိုင်းလ် ကဖေးကနေ ဆန်းဝှစ်ခ်ျ တွေဝယ်ပြီး ထွက်လာတာပဲ ဖြစ်ပါတယ်။ သူဟာ ဆိုက်ဇ် အလွန်ကြီးမားတဲ့ Polo ရျပ် အကျီင်္နဲ့ အဖြူရောင် ဘောင်းဘီတို့ကို ၀တ်ဆင်ထားပြီး ဘေ့စ်ဘောဦးထုပ်နဲ့ Sneaker ဖိနပ် တို့ကိုလည်း ရပ်ပါ တစ်ယောက် အသွင်မျိုးဝတ်ဆင်ထားပါတယ်။
သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ပရိတ်သတ်တွေကတော့ သူရဲ့ ခန္ဓာကိုယ် အရွယ်အစားဟာ လွန်ခဲ့တဲ့ ၄ နှစ်ကထက် သိသိသာသာ ကြီး ၀ လာတဲ့အတွက် မင်းသား တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။
"သူ့သူငယ်ချင်းတွေက သူ့ကို ထရိန်နာ တစ်ယောက် ငှားပြီး ၀ိတ်ချဖို့ပြောကြပေမယ့် သူကတော့ အဲဒီစကားတွေကို မကြားချင်ပါဘူး" လို့ အတွင်းလူတစ်ယောက်က Star မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။
အမှန်တစ်ကယ်တော့ Jonah ဟာ ၀ိတ်ချတဲ့ လေ့ကျင့်ခန်းတွေနဲ့ စိမ်းတဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ သူဟာ ၂၀၁၁ ခုနှစ်တုန်းက 21 Jump Street ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးဖို့အတွက် ပေါင် ၃၀ လောက် ၀ိတ်ချခဲ့တဲ့ အကြောင်းတွေကို တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ထုံးစံ တစ်ခုလို ဖြစ်နေတာကတော့ ၀ိတ်ချဖို့ ကြိုးစားခဲ့ရဖူးသူတွေဟာ တစ်သက်လုံး ၀ိတ်ချဖို့အတွက်ပဲ အမြဲတမ်းကြိုးစားနေရတတ်တယ်ဆိုတာပါပဲ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse