Katy Perry နဲ့ John Mayer တို့ ၂ ယောက်ဟာ လွတ်လပ်ရေးနေ့အပြီး ချီကာဂိုမြို့မှာ ကျင်းပတဲ့ Grateful Dead Farewell ဖျော်ဖြေပွဲမှာ အတူတကွ တွေ့ခဲ့ရပါတယ်။ သူတို့ ၂ ယောက်ဟာ ထို ဖျော်ဖြေပွဲမှာ သာယာကောင်းမွန်တဲ့ အချိန်တွေကို အတူတကွ ဖန်တီးနိုင်ခဲ့သလို ပရိတ်သတ်တွေနဲ့လည်း ဓါတ်ပုံတွဲရိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
သူတို့ ၂ယောက်ကိုတွေ့ခဲ့တယ်ဆိုတဲ့ ပရိတ်သတ်တစ်ဦးကလည်း People မဂ္ဂဇင်းကို "သူတို့ ၂ယောက်ဟာ စင်နောက်မှာ အတူတကွ အရမ်းကိုပျော်ရွှင်နေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း အရမ်းနီးနီးကပ်ကပ်တော့ ရပ်နေကြတာမဟုတ်ပါဘူး။သူငယ်ချင်းတွေ အများကြီးနဲ့ပါ။ တစ်စုံတစ်ယောက်က သူမကို နှင်းဆီပန်းလေးလက်ဆောင်လာပေးတဲ့အခါမှာ Katy Perry ဟာ အရမ်းကို ယဉ်ကျေးပြီး နှစ်လိုဖွယ်ကောင်းနေပါတယ်" လို့ ဆိုပါတယ်။
အသက် ၃၀ နှစ် ရှိနေပြီဖြစ်တဲ့ Katy Perry ဟာ စွပ်ကျယ်အကျီင်္နဲ့ ဂျင်ဘောင်းဘီတို့ကို ၀တ်ဆင်ထားပြီး အသင် ၃၇ နှစ်အရွယ် John Mayer ကတော့ ဂျင်းရှပ် တစ်ထည်ကို ၀တ်ဆင်ကာ အပြာရောင် ခေါင်းစည်းပုဝါကိုလည်း ခေါင်းမှာ စည်းထားခဲ့ပါတယ်။
ဒါဟာ ဒီ လပိုင်းအတွက် သူတို့စုံတွဲကို အတူတကွ ပြန်လည်တွေ့ရတာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။
ဒီလ အစောပိုင်းကလည်း သူတို့ ၂ ယောက် ဟာ Disneyland ကို အတူတကွ လျှောက်လည်ခဲ့ကြဖူးသလို မေလ တုန်းကလည်း သူတို့ ၂ ယောက်ကို MET Gala ပွဲတော်မှာ အတူတကွ တွေ့လိုက်ရပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း Katy Perry ဖျော်ဖြေခဲ့ရတဲ့ ရှိုးပွဲတစ်ခုမှာ အတူတကွ တွေ့ခဲ့ရပြီးပါပြီ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse