Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kim Kardashian တစ်ယောက် သစ္စာဖောက်ခံတယ်လို့ ခံစားနေရပါသတဲ့

Kim Kardashian တစ်ယောက် သစ္စာဖောက်ခံတယ်လို့ ခံစားနေရပါသတဲ့

| No comment



Kanye West ရဲ့ရည်းစားဟောင်းဖြစ်သူ Amber Rose ရဲ့ လိင်အသားပေးဓါတ်ပုံတွေကို Kanye ရဲ့ ကွန်ပြူတာထဲမှာ တွေ့ရှိပြီးနောက် Kim Kardashian တစ်ယောက် စိတ်ဆိုးဒေါသထွက်နေတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်နေပြီဖြစ်တဲ့ နာမည်ကျော်စတားဟာ ခင်ပွန်းဖြစ်သူက ရည်းစားဟောင်းရဲ့ Instagram ကို ၀င်ရောက်ကြည့်ရှုနေကြ သိရှိသွားတယ်လို့ Closer မဂ္ဂဇင်းက ရေးသားဖော်ပြထားပါတယ်။

ဒုတိယမြောက်ကိုယ်ဝန်ဆောင်ထားရတဲ့ Kim အတွက် ပိုပြီး စိတ်ပူသွားစေတာက ရင်သွေးလေးကြောင့် ကိုယ်အလေးချိန်တက်နေတဲ့အချိန်မှာ Amber ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဓါတ်ပုံတွေကြောင့်ပဲ ဖြစ်ပါတယ်။

ရင်းနှီးသူတစ်ဦးက မဂ္ဂဇင်းကို “Kim တစ်ယောက် Kanye က Amber ရဲ့ Instagram စာမျက်နှာကို ၀င်ကြည့်နေတာကို သိရှိသွားပြီး ပေါက်ကွဲတော့တာပါပဲ။ ဒါဟာ သူ့ရဲ့ယုံကြည်မှုတွေကို ဖျက်စီးပစ်လိုက်ပါတယ်” လို့ ပြောသွားပါတယ်။

 “ သူက ကွန်ပြူတာထဲမှာ အရင်တုန်းက ရည်းစားဟောင်းနဲ့တွဲစဉ်က ဓါတ်ပုံတွေ ဗီဒီယိုတွေကို ရှိနေသေးတာကို တွေ့သွားတာပါ။ Kim ဟာ ငိုယိုပြီး Kanye ကို့လည်း သူ့ကို သစ္စာဖောက်တယ်လို့ စွပ်စွဲထားပါတယ်။” လို့ ဆိုပါတယ်။

သူရဲ့ပြောင်းလဲနေတဲ့ ခန္ဓာကိုယ်ကြောင့် စိတ်မလုံမခြုံဖြစ်နေပြီးတော့ Amber ရဲ့အမိုက်စားကိုယ်လုံးကို မကြည့်ချင်လောက်အောင် ဖြစ်နေပါတယ်။ Amber ဟာ သူတို့နှစ်ယောက်ကြားမှာ တတိယလူဖြစ်နေတယ်လို့ ခံစားရကြောင်း၊ သူတို့ဘ၀ထဲကနေ အပြီးအပိုင် ထုတ်ပစ်လိုက်ချင်ကြောင်း သူ့သူငယ်ချင်းတွေကို တစ်ခါတရံပြောပြလေ့ရှိပါသတဲ့။

Kanye ဟာ မော်ဒယ်လ် Amber နဲ့ ၂နှစ်နီးပါးတွဲခဲ့ပြီး ၂၀၁၀ ခုနှစ်က ပြတ်စဲခဲ့တာဖြစ်ပါတယ်။ Amber ကတော့ Kanye ကို Kim က သူ့ဆီကနေ လုယူသွားတာလို့ ဆိုပါတယ်။

 “ Kim ဟာ ကျွန်မနဲ့ Kanye ကွဲကွာသွားရတဲ့ အဓိကအကြောင်းအရင်းပါပဲ။ သူက ကျွန်မဆီကနေ လုယူသွားတာပါ” လို့ သူကဆိုပါတယ်။“ သူတို့နှစ်ယောက်လုံးက ကျွန်မနဲ့ Reggie ကို လှည့်စားသွားကြတာပါ” တဲ့။ Reggie ကတော့ အဲဒီအချိန်က Kim နဲ့ တွဲခဲ့တဲ့သူဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror