Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lady Gaga ရဲ့ ဖက်ရှင် အသစ် ထွက်ပေါ်လာပြန်

Lady Gaga ရဲ့ ဖက်ရှင် အသစ် ထွက်ပေါ်လာပြန်

| No comment



Mother Monster လို့ တင်စားခေါ်ဝေါ်ခံရတဲ့ အဆိုတော်မလေး Lady Gaga တစ်ယောက်ဟာ သီးသန့်လေယာဉ်တစ်စီးပေါ်မှာ ကျပ်ထုတ်နေပြီး အတွင်းကို ဖောက်ထွင်းမြင်နေရတဲ့ အ၀တ်အစား ကို ၀တ်ဆင်ထားတဲ့ ဓါတ်ပုံတွေ သူမရဲ့ Instagram ပေါ်ကိုရောက်ရှိလို့လာပါတယ်။

ဒါကို အ၀တ်အစားလို့ ခေါ်သေးရဲ့လားတော့ မပြောနိုင်ပါဘူး။ Lady Gaga ဟာ သူမရဲ့ ခန္ဓာကိုယ်အလှအပ တွေကို အဖြူရောင် ဇာပေါက် ၀တ်စုံ တစ်စုံနဲ့ သာဖုံးအုပ်ထားတဲ့အတွက် သူမ ကို ၀တ်လစ်စလစ်နီးပါးမြင်တွေ့နေရတာဖြစ်ပါတယ်။ သူမ ရဲ့ လက်နေရာ နဲ့ လည်ပင်းနေရာတွေမှာ ဖဲပြားတွေနဲ့ အလှဆင်ထားပေမယ့်လည်း ဒီဝတ်စုံ ဟာ ထူးဆန်းနေတုန်းပါပဲ။

ဓါတ်ပုံတစ်ပုံကိုတော့ "ငါ့အား လကမ္ဘာကို ပျံသန်းခေါ်ဆောင်သွားပါ" ဆိုတဲ့ စာသား ကို ခေါင်းစဉ်အဖြစ် ရေးသားထားတဲ့ Lady Gaga ဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူ ဂန္တ၀င် အဆိုတော်ကြီး Tony Bennett ကို ရည်ရွယ်ပြီး ရေးသားထားတာဖြစ်ပါတယ်။ Tony Bennett ဟာ Fly Me to the Moon ဆိုတဲ့ သီချင်းကို ရေးသားသီဆိုခဲ့သူပဲ ဖြစ်ပါတယ်။

E! သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ Tony နဲ့ Lady Gaga တို့ဟာ ဥရောပ နယ်လှည့်ဖျော်ဖြေပွဲ တစ်ခုကို အတူပြုလုပ်နေပြီး ထိုပွဲမှာတော့ ရှေးဆန်တဲ့ Jazz သံစဉ်တွေနဲ့ ဆန်းသစ်တဲ့ ဖက်ရှင် ရွေးချယ်မှုတွေကို တွေ့ရမှာ သေချာတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေတုန်းက ပြုလုပ်ခဲ့တဲ့ Comic-Con ပွဲတော်ကိုလည်း Lady Gaga က တက်ရောက်ခဲ့ပါသေးတယ်။ သူမဟာည မကြာခင်ထွက်ရှိလာတော့မယ့် American Horror Story ဇာတ်လမ်းတွဲရဲ့ ၅ ခု မြောက်စီးရီး ဖြစ်တဲ့ American Horror Story:Hotel ဆိုတဲ့ ဇာတ်လမ်းမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ထို ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ Ryan Murphy ဆီက သိခဲ့ရတာကတော့ ထိုဇာတ်လမ်းအသစ်မှာ Lady Gaga ဟာ မကောင်းဆိုးဝါး တစ်ကောင် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်တဲ့။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse