Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သြဇီကို ရွှေ့ပြောင်းအခြေချ နေထိုင်တော့မယ့် Mariah Carey

သြဇီကို ရွှေ့ပြောင်းအခြေချ နေထိုင်တော့မယ့် Mariah Carey

| No comment



ပေါ့ပ်အဆိုတော် Mariah Carey ဟာ သူမရဲ့ချစ်သူအသစ်ဖြစ်သူ သြဇီ ဘီလီယံ သူဋ္ဌေး James Parker နဲ့ အတူတူနေထိုင်တော့မယ်လို့ သိရပါတယ်။ Mariah က ဟိုတယ်နဲ့လောင်းကစားရုံ လုပ်ငန်းတွေပိုင်ရှင် ချစ်သူ ဘီလီယံနာ ရဲ့ ဇာတိကိုပြောင်းရွှေ့ဖို့ စဉ်းစားနေပါပြီ။

"Mariah ဟာ သြဇီကို ပြောင်းရွှေ့ချင်နေပါတယ်။ သူမဟာ အချစ်နဲ့တွေ့နေပါပြီ" လို့ အတွင်းလူတစ်ယောက်က Life & Style မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

ပြောင်းရွှေ့ဖို့ကိစ္စမှာ အရာရာ အဆင်ပြေနေပေမယ့်လည်း တစ်ခုတည်းသော ပြသနာက သူမရဲ့ ခင်ပွန်းဟောင်း Nick Cannon က သူတို့ ရဲ့ ၄ နှစ်အရွယ် အမြွှာကလေးတွေဖြစ်ကြတဲ့ Moroccan နဲ့ Monroe တို့ကို Mariah နဲ့ အတူတူ ခေါ်ဆောင်သွားခွင့်မပြုတာပါပဲ။

မိသားစု ရှေ့နေတစ်ယောက်ဖြစ်တဲ့ Goldie Schon က ရှင်းပြခဲ့တာကလည်း တရားရုံးက Mariah ရဲ့ ပြောင်းရွှေ့မှုနဲ့ ဘာမှ မဆိုင်ပေမယ့် ဥပဒေအရတော့ ကလေးတွေကို ဖခင်ရဲ့ အုပ်ချုပ်မှု အောက်မှာပဲ ဦးစားပေးထားရှိရမှာဖြစ်တယ်ဆိုတာပါပဲ။

အသက် ၄၅ နှစ်အရွယ် Mariah Carey နဲ့ အသက် ၄၇ နှစ်အရွယ် James Packer တို့ဟာ ပြီးခဲ့တဲ့လတုန်းကလည်း အီတလီ နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှာ အပျော်စီး ဇိမ်ခံရွက်လှေ နဲ့ အားလပ်ရက် ခရီးထွက်ခဲ့ကြတာကို တွေ့ရမှာပါ။

သူတို့ ၂ ယောက်ဟာ Packer ရဲ့ ရုပ်ရှင်ကုမ္မဏီ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဖြစ်တဲ့ Brett Ratner ကတဆင့် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ Packer ဟာ ဟိုတယ်နဲ့ လောင်းကစားရုံ အမြောက်အများကို ပိုင်ဆိုင်ပြီး ဒေါ်လာ ၄.၆ ဘီလီယံ ခန့်ချမ်းသာကြွယ်ဝ ကာ Australia မှာ စတုထ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ Packer ဟာ Mariah ကို ပိုးပန်းနေခဲ့တာကြာပြီဖြစ်တယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ Mariah ဟာ Nick Cannon နဲ့ ကွာရှင်းပြတ်စဲ ထားတာ မကြာသေးပေမယ့်လည်း James Packer နဲ့ လက်ထပ်ဖို့ စီစဉ်နေပြီဖြစ်တယ်လို့တော့ Mariah ကိုယ်တိုင် ဖွင့်ဟ ပြောကြားထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse