Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , MTV Video Music Award အတွက် ဆန်ခါတင်စာရင်း ၉ဆုနဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Taylor Swift

MTV Video Music Award အတွက် ဆန်ခါတင်စာရင်း ၉ဆုနဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Taylor Swift

| No comment



Miley Cyrus က ဒီနှစ် MTV Video Music Awards ပွဲမှာ စီစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဖို့များပါတယ်။ ဒါပေမယ့် Taylor Swift ကတော့ VMA ဆန်ခါတင်စာရင်းမှာ ၉ ဆုလောက် ပါဝင်နေတာမို့ ဆုတွေအကုန်လုံး သိမ်းကျုံးယူသွားမယ့် သဘောမှာရှိပါတယ်။

Swift ဟာ “Blank Space” သီချင်းအတွက် Best Female Video နဲ့ Best Pop Video ဆုတွေအတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်နေပြီး Kendrick Lamar နဲ့ နာမည်ကျော် မော်ဒယ်တွေ၊ သရုပ်ဆောင်တွေဖြစ်တဲ့ Selena Gomez, Jessica Alba, Lily Aldridge, Karlie Kloss, Zendaya, Mariska Hargitay, Ellen Pompeo, Cara Delevingne, Gigi Hadid, Hailee Steinfeld စတဲ့သူတွေ ပါဝင်တဲ့ သူ့ရဲ့ “Bad Blood” သီချင်းကတော့  Video of the Year အပါအ၀င် အခြားဆန်ခါတင်ဆုစာရင်း ၇ခုနှစ်မှာလည်း ပါဝင်နေပါတယ်။

 “Bad Blood” ဟာ Best Collaboratoin, Best Direction, Best Visual Effects, Best Cinematography, Best Editing နဲ့ Best Art Direction ဆုတွေအတွက်လည်း ဆန်ခါတင်ရွေးချယ်မှုထဲမှာ ပါဝင်ပါတယ်။

Beyonce ရဲ့ “7/11” ကတော့ Video of the Year အပါအ၀င် ဆုငါးဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့မှာ Los Angeles ရှိ Microsoft Theater မှာ ဒီပွဲကြီးကို ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ တနင်္လာနေ့ညနေက Cyrus က ဒီပွဲမှာ အစီစဉ်တင်ဆက်သူအဖြစ်တာဝန်ယူမှာ ဖြစ်ကြောင်း “ MTV က ကျွန်မကို ဖျော်ဖြေတက်ဆက်မှု မလုပ်စေချင်ပါဘူး” ဆိုပြီး အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ဓါတ်ပုံနဲ့တကွ Twitterမှာ တင်ထားခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse