Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၂၀၁၅ ခုနှစ် MTV က ကျင်းပမယ့် VMAs ဆုပေးပွဲမှာ MIley Cyrus အစီအစဉ်တင်ဆက်သူလုပ်မည်

၂၀၁၅ ခုနှစ် MTV က ကျင်းပမယ့် VMAs ဆုပေးပွဲမှာ MIley Cyrus အစီအစဉ်တင်ဆက်သူလုပ်မည်

| No comment



ရပ်အဆိုတော် Miley Cyrus ဟာ ၂၀၁၅ ခုနှစ်ရဲ့ MTV Video Music Awards ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ တစ်ယောက် အဖြစ် ဆောင်ရွက်သွားမယ်ဆိုတာကို Twitter မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

"Wrecking Ball" သီချင်းရဲ့ အဆိုတော်ဟာ အစိမ်းရောင် ဂြိုလ်သား ၀တ်စုံကို ၀တ်ဆင်ပြီး ဓါတ်ပုံ ၂ ပုံကိုတွဲဖက် ထားပါတယ်။ တစ်ပုံမှာတော့ ဂြိုလ်သား ပုံစံ နဲ့ ဖြစ်ပြီး လက်ထဲမှာတော့ "MTV က ကျွန်မ ကို ဖျော်ဖြေခွင့် မပေးပါဘူး" လို့ ရေးသားထားပြီး နောက် ထပ် တစ်ပုံမှာတော့ သူမရဲ့ မျက်နှာကိုဖော်ပြထားကာ ဂြိုလ်သား ခန္ဓာကိုယ်နဲ့ ဖြစ်ပြီး လက်ထဲမှာတော့ "အဲဒါကြောင့် ဒီနှစ် VMA ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူလုပ်ပါမယ်" လို့ ရေးသားထားပါတယ်။

၂၀၁၃ ခုနှစ်ရဲ့ VMA ဆုပေးပွဲမှာတုန်းကလည်း Miley Cyrus ဟာ ဘရာ နဲ့ ပန်တီ သာ ၀တ်ဆင်ပြီး Robin Thicke ဆိုတဲ့ အဆိုတော် နဲ့ တွဲဖက်ပြီး "We Can't Stop/Blureed Lines" သီချင်းတို့ကို သီဆိုဖျော်ဖြေစဉ် မှာ သူမရဲ့ ကဟန်တွေဟာ ပွဲတော် အင်္ဂါရပ်နဲ့မသင့်တော်ခဲ့တဲ့ အတွက် အလွန်အမင်း ဝေဖန်ခံခဲ့ရပါတယ်။ အဲဒီပွဲမှာ စတင်ပြီး Miley Cyrus ရဲ့ ပုံရိပ်ဟာလည်း မမျှော်လင့်ထားတဲ့အတိုင်း ကို ပြောင်းလဲသွားခဲ့ပါတယ်။

"သင်ဟာ ဒါကို ကျွန်မ မလုပ်ခင်တုန်းက တွေးခဲ့တာထက်ကို ပိုတွေးနေပါတယ်။ ကျွန်မ ဒါကို သိပ်မတွေးခဲ့ပါဘူး။ ဘာလို့လည်းဆိုတာ ဒါကျွန်မကိုယ်တိုင်ပါပဲ" လို့ ထိုဖျော်ဖြေပွဲ အပြီးမှာ Miley Cyrus က ပြောပြခဲ့ပါတယ်။

မကြာသေးခင် အချိန်ကာလ မှာလည်း Victoria's Secret ရဲ့ မော်ဒယ်လ် Stella Maxwell နဲ့ Miley Cyrus ဟာ မိန်းကလေး ချင်း ချစ်ကြိုက်နေကြတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။

အခု ၂၀၁၅ ခုနှစ်အတွက် MTV ရဲ့ Video Music Awards ပွဲတော်ကိုတော့ သြဂုတ်လ ၃၀ ရက်နေ့မှာ လော့အိန်ဂျလိစ် မြို့မှာရှိတဲ့ Microsoft ခန်းမ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse