Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Sienna Miller နှင့် Tom Sturridge တို့ လေးနှစ်တာတွဲပြီးနောက် ပြတ်စဲ

Sienna Miller နှင့် Tom Sturridge တို့ လေးနှစ်တာတွဲပြီးနောက် ပြတ်စဲ

| No comment



Sienna Miller နဲ့ Tom Sturridge တို့နှစ်ယောက်ဟာ ၄နှစ်တာတွဲခဲ့ပြီးနောက် ပြတ်စဲသွားကြပြီလို့ သိရပါတယ်။

စေ့စပ်ထားခဲ့တာ ၃နှစ်ကြာပြီဖြစ်တဲ့ ဒီစုံတွဲဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက သူတို့ရဲ့ချစ်ခြင်းကို အဆုံးသတ်လိုက်ကြပြီလို့ ဆိုပေမဲ့ မိတ်ဆွေကောင်းတွေအဖြစ် ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ရကြောင်း The Sun သတင်းစာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Sienna Miller ကို အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ စတား Tom Sturridge တို့ကို ၄င်းတို့ရဲ့သမီးဖြစ်သူ Marlowe နဲ့အတူ Ibiza ကျွန်းမှာ အားလပ်ရက်ထွက်လာတာကို ပြီးခဲ့တဲ့လအနည်းငယ်တုန်းက တွေ့လိုက်ရပါသေးတယ်။

Sienna Miller နဲ့ Tom Sturridge တို့စုံတွဲဟာ ၂၀၁၂ခုနှစ်မှာ စေ့စပ်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့နောက် ၆လအကြာမှာ Marlowe ကိုမွေးဖွားခဲ့တာပါ။ ဒီသမီးလေးဟာလည်း သူတို့ရဲ့ချစ်ခြင်းကို အဆုံးသတ်မသွားဖို့ မကယ်ဆယ်နိုင်ခဲ့ပါဘူး။

“Tom နဲ့ Sienna တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက ပြတ်စဲသွားကြပြီဆိုပေမဲ့ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေတွေအဖြစ်၊ မိဘတွေအဖြစ် ချစ်ခင်လေးစားကြတုန်းပါ။ ဒါဟာ သိပ်ကို အခင်အမင်၊ ချစ်ခင်မှု မပြတ်တဲ့ လမ်းခွဲမှုပါပဲ။ သူတို့ဟာ မိတ်ဆွေကောင်းတွေအဖြစ် ဆက်လက်နေထိုင်သွားကြဖို့ စိတ်ရှိကြပါတယ်။” လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောသွားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail