"Spider-Man" ဇာတ်လမ်းရဲ့ ပရိတ်သတ်တွေဟာ သူတို့ရဲ့ အချစ်ဆုံး ဇာတ်ကောင် ပင့်ကူလူသား ကို Marvel က ထပ်မံထုတ်လုပ်မယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။ အခုတော့ သတင်းတွေထွက်လာပါပြီ။ Spider Man ဇာတ်လမ်းသစ်ဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ပေါ်လာတော့မှာပါ။
နောက်ထပ် အရေးကြီးတဲ့ သတင်းတစ်ခုကတော့ မတူညီတော့တဲ့ သရုပ်ဆောင်အသစ်တွေအကြောင်းပါပဲ။ Sony ကုမ္မဏီကလည်း ရိုက်ကူးရေးနဲ့ ပတ်သက်ရင် Marvel စတူဒီယို ရဲ့ အကူအညီတွေကို ရယူသွားမယ်ဆိုတာ သေချာနေပါတယ်။
Tom Holland က ပင့်ကူလူသား ဇာတ်ကောင်ဖြစ်တဲ့ Peter Parker နေရာမှာ ပြီးခဲ့တဲ့ လ ကတည်းက စတင် သရုပ်ဆောင်နေပါပြီ။ နောက်ထပ်လိုအပ်တဲ့ သရုပ်ဆောင်တွေကို ထပ်မံရွေးချယ်ရာမှာတော့ Peter Parker ရဲ့ အဒေါ် Aunt May နေရာက သရုပ်ဆောင်ရမယ့်သူကတော့ Marisa Tomei ပဲ ဖြစ်ပါတယ်။
အတွင်းလူတွေရဲ့ ပြောကြားချက်အရတော့ အော်စကာဆုရှင် မင်းသမီးကို ထိုဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်က ပဲ သဘောတူညီမှု ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Marvel နဲ့ Sony ကုမ္မဏီတွေဟာ ဒါရိုက်တာ Jon Watts ကို ကူညီပြီး ဇာတ်ညွှန်းရေးသားပေးဖို့ အတွက် လူတစ်ယောက် လိုနေသေးတယ်လို့ သိရပါတယ်။
Spider Man ဇာတ်လမ်းရဲ့ ပရိတ်သတ်တွေကတော့ Aunt May နေရာမှာ သရုပ်ဆောင်မယ့် Marisa Tomei ဟာ အသက်ငယ်လွန်းပြီး လှပ နေတယ်လို့ ဝေဖန်နေကြပါတယ်။ ဟုတ်ပါတယ် Marisa Tomei ဟာ အသက် ၅၀ ပဲ ရှိသေးပြီး အခုချိန်အထိ ဆွဲဆောင်မှု ရှိနေတုန်းပါ။
အရင်တုန်းက Aunt May နေရာမှာ သရုပ်ဆောင်ခဲ့သူတွေကတော့ ၂၀၀၂ ခုနှစ် ပထမဆုံး Spider Man ဇာတ်လမ်းတွေမှာတော့ အဲဒီအချိန်က အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ Rosemary Harris က သရုပ်ဆောင်ထားပြီး ၂၀၁၂ မှာ အသစ်ပြန်လည် ရိုက်ကူးချိန်မှာတော့ အဲဒီအချိန်မှာ အသက် ၆၆ နှစ်ရှိနေပြီဖြစ်တဲ့ Sally Field က သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ကပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse