Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လက်ထပ်ဖို့ဆွေးနွေးနေပြီဖြစ်တဲ့ Taylor Swift နဲ့ Calvin Harris

လက်ထပ်ဖို့ဆွေးနွေးနေပြီဖြစ်တဲ့ Taylor Swift နဲ့ Calvin Harris

| No comment



ကန်းထရီး အဆိုတော်မလေး Taylor Swift နဲ့ EDM ပညာရှင် Calvin Harris တို့ဟာ တွဲလာကြတာ လအနည်းငယ်ပဲ ရှိသေးတယ်ဆိုပေမယ့် သူတို့ ၂ ယောက်ဟာ ကဗျာဆန်တဲ့နေ့ရက်တွေကို ဆက်လက်ဖန်တီးနိုင်ဖို့အတွက် လက်ထပ်ဖို့အရေး ဆွေးနွေးတိုင်ပင် နေကြပြီ လို့ သိရပါတယ်။

သူတို့ စုံတွဲဟာ ဖေဖော်ဝါရီလ မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး သူတို့ရဲ့ အချစ်ရေးကို တော့ ဧပြီလမှာမှ လူသိရှင်ကြားထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။

Reveal မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ သူတို့ ၂ ယောက်ဟာ သူတို့၂ ယောက် အတူတူ ရှိနေနိုင်မယ့် အနာဂတ်အတွက် ဆွေးနွေးခဲ့ကြပေမယ့်လည်း သူတို့ ၂ ယောက်ဟာ ကြိုတင် လက်မှတ်ထိုးထားတာမျိုးတော့ မလုပ်ချင်ဘူးဆိုတာကို ၂ ယောက် လုံးက သဘောတူ ဖြေကြားခဲ့ကြပါတယ်။

သူတို့ ၂ ဦးနဲ့ ရင်းနှီးသူတစ်ယောက်ကတော့ "တေလာ က သူမရဲ့ အိမ်မှာ မင်္ဂလာဆောင် အခမ်းအနား ကြီးကြီးမားမားလုပ်တာကို သဘောကျပါတယ်။ ဒါပေမယ့် သူမက စကော့တလန် ကိုလည်း နှစ်သက်ပါတယ်။ အဲဒီမှာလုပ်ဖြစ်ဖို့လည်းများပါတယ်။ အဲဒီမှာ ဆိုရင်တော့ သူ့ရဲ့မိသားစုက လာဖို့လွယ်ပေမယ့် သူ့ရဲ့ ဆွေမျိုးတွေကတော့ လာနိုင်ဖို့သိပ်မလွယ်ပါဘူး" လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟန်းနီးမွန်းနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ စုံတွဲဟာ ကမ့်ပ်ထွက်တဲ့ ဗင်ကားတစ်စီးကို ယူဆောင်သွားပြီး ဥရောပ(သို့) မြောက် အမေရိက ဘက်ကို သွားချင်နေကြတယ်လို့လည်း ကြားသိရပါတယ်။

Taylor Swift နဲ့ Calvin Harris တို့စုံတွဲဟာ လက်ရှိမှာ Beyonce နဲ့ Jay-Z တို့လင်မယား ထက်ပိုမို ၀င်ငွေကောင်းနေခဲ့ပြီး ၂ ယောက်ပေါင်း စတာလင်ပေါင် ၉၂ သန်းခန့် ချမ်းသာကြွယ်ဝကြတယ်လို့ လည်းသိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror