Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘True Detective’ သရုပ်ဆောင် Rachel McAdams နဲ့ Taylor Kitsch တို့ဟာ စုံတွဲခုတ်နေပါသတဲ့

‘True Detective’ သရုပ်ဆောင် Rachel McAdams နဲ့ Taylor Kitsch တို့ဟာ စုံတွဲခုတ်နေပါသတဲ့

| No comment



အချိန်အတော်ကြာ သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ “True Detective” သရုပ်ဆောင် Rachel McAdams နဲ့ ကနေဒါနိုင်ငံသား Taylor Kitsch တို့ဟာ ခုဆိုရင် ချစ်သူတွေဖြစ်နေကြပါတယ်။ ဒီစုံတွဲကို ခုလာမယ့် HBO ဇာတ်လမ်းတွဲတွေမှာ အတူတူတွေ့ရှိရမှာဖြစ်ပြီး ခုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အတော်လေးကိုဂရုစိုက်ကြပါသတဲ့။

ဇွန်လ ၂ရက်နေ့က ဒီစုံတွဲကို ဟောလိဝုဒ်အနောက်ပိုင်း Osteria Mozza မှာ ညစာအတူတူစားခဲ့ကြတာကို တွေ့ရှိခဲ့ရတာဖြစ်ကြောင်း US Weekly က အတည်ပြုထားပါတယ်။

အတွင်းရေးသိရှိသူတစ်ဦးကတော့ “ ဒီလိုတွဲတာ သိပ်မကြာသေးပါဘူး.. ဒါပေမယ့် သူတို့က တကယ်ကို အတည်တွဲနေကြပါပြီ” လို့ ဆိုပါတယ်။

“သူတို့ဟာ တကယ်ကိုချစ်နေကြတာပါ။ သူကတော့ သူ့ချစ်သူအကြောင်းအမြဲပြောနေတော့တာပါပဲ” လို့လည်း ပြောသွားပါသေးတယ်။

McAdams ဟာ အရင်ကလည်း တွဲဖက်သရုပ်ဆောင်ဖြစ်သူ နာမည်ကျော် “ The Notebook “ ရုပ်ရှင်မင်းသား Ryan Gosling နဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။ တစ်ချို့ကလည်း သူဟာ Southpaw မှာ ရုပ်ရှင်ရိုက်စဉ်က Jake Gyllenhaal နဲ့တကယ်တွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

၃၆ နှစ်ရှိပြီဖြစ်တဲ့ McAdams က Glamour မဂ္ဂဇင်းကို သူဟာ အလုပ်လုပ်နေစဉ်မှာ အချစ်ကိုမရှာကြောင်း “ စိတ်ကူးယဉ်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပေမယ့် အာရုံစိုက်လို့မရပါဘူး။ နောက်ဆုံးတော့လည်း ဆက်ဆံရေးတိုင်းမှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ချည်း တွေ့ခဲ့ရတာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

မင်းသမီးဟာ Josh Lucas နဲ့ Michael Sheen တို့နဲ့လည်း ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်။

၃၄ နှစ်ရှိပြီဖြစ်တဲ့ Kitsch က မကြာသေးခင်ကပဲ ကိုယ်ကာယအလှသင်တန်းနည်းပြ Jennifer Welch နဲ့ တွဲခဲ့တာဖြစ်ပါတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse