Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Twitter မှာ ပြသနာတက်နေကြတဲ့ Britney Spears နဲ့ Iggy Azalea

Twitter မှာ ပြသနာတက်နေကြတဲ့ Britney Spears နဲ့ Iggy Azalea

| No comment



Britney Spears က Iggy Azalea ရဲ့ သူတို့ ၂ ယောက်ရဲ့ သီချင်း ကို ဖြန့်ချီပုံနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

Fancy သီချင်းရဲ့ ရပ်ပါမလေး သြဇီသူ Iggy Azalea ဟာ သူမနဲ့ Britney Spears တို့သီဆိုထားတဲ့ Pretty Girls သီချင်း အောင်မြင်မှု မရခဲ့ခြင်းမှာ Britney Spears ဘက်က သေချာ ဂရုစိုက် ဖြန့်ချီခြင်းမရှိတာကြောင့်ဖြစ်တယ်လို့ Twitter မှာ ဝေဖန်ရေးသားခဲ့မှုကို Britney Spears က Twitter ကနေပဲ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

လက်ရှိမှာ US Great Escape နယ်လှည့်ဖျော်ဖြေပွဲကြီးကို သူမနားချင်သေးတဲ့အတွက် ပယ်ဖျက်ထားတဲ့ Iggy Azalea ရဲ့ လုပ်ရပ်ကို ရည်ညွှန်းပြီး Britney Spears က "ဗီးဂတ်စ် ကို ပြန်ဖို့ မစောင့်နိုင်တော့ဘူး။ ဒီနှစ်တစ်နှစ်လုံး ဆိုစရာ ရှိုးပွဲတွေရှိနေသေးလို့ ကျေးဇူးတင်လိုက်တာ" လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဘတ်စကတ် ဘောကစားသမား  Nick Young နဲ့ ဒီလအစောပိုင်းမှာပဲ စေ့စပ်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် Iggy Azalea ဟာ Twitter သုံးစွဲသူတစ်ယောက်က သူတို့ ၂ယောက်ရဲ့ သီချင်း Pretty Girls သီချင်းဟာ အနည်းငယ် ကျရှုံးမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုကို တုံ့ပြန်ရေးသားထားပါသေးတယ်။

"သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ ပရိုးမိုးရှင်းတွေ နဲ့ တီဗွီ တင်ဆက်မှု တွေမပါပဲ ဈေးကွက်ဝင်အောင်လုပ်ဖို့ ခက်ပါတယ်။ ကံမကောင်းစွာနဲ့ ပဲ ငါဟာ ဒီသီချင်းမှာ ဧည့်သည် အဆိုတော် ဖြစ်နေပါတယ်" လို့ Iggy Azalea က ရေးသားခဲ့ပါတယ်။

သူမဟာ သူမကို ပြန်လည်ဝေဖန်ခဲ့တဲ့ Britney Spears ပရိတ်သတ် တွေအားလုံးကိုလည်း တစ်ခွန်းမကျန် ပြန်လည် Comment တွေ ပေးထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror