Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Twitter တွင် ပဋိပက္ခဖြစ်ပြီးနောက် Nicki Minaj ကို Taylor Swift တောင်းပန်

Twitter တွင် ပဋိပက္ခဖြစ်ပြီးနောက် Nicki Minaj ကို Taylor Swift တောင်းပန်

| No comment



Nicki Minaj ဟာ တောင်းပန်မှုတွေ တစ်လှေကြီးရရှိနေပါတယ်။ Nicki Minaj ရဲ့လူ Meek Mill ဟာ Twitter ပေါ်မှာ Drake နဲ့ ငြင်းခုန်စကားများကြရာကနေ Meek Mill က တောင်းပန်မှုပြုခဲ့ပါတယ်။ အခုလည်း Taylor Swift ဟာ ယခုအပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ Twitter ပေါ်က ပဋိပက္ခကို သူ့ဘက်ကနေ တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၁၅ခုနှစ် MTV VMAs Video နှစ်အလိုက်စာရင်းမှာမပါတဲ့ “Anaconda” ဗီဒီယိုအကြောင်းကို ရပ်ပ်ပါ Minaj ကပြောဆိုနေခဲ့ရာမှာ ပေါ့ပ်စတား Taylor Swift က သူ့ကိုရည်ရွယ်ပြောဆိုနေခဲ့တယ်လို့ ခံစားခဲ့ရာကနေ Twitter ပဋိပက္ခဖြစ်ပေါ်ခဲ့တာပါ။

 Swift ဟာ ခုတော့ အသိတရားဝင်လာပြီး “ငါက ငါ့ကိုပြောနေတယ်ထင်လို့။ ငါ အယူအဆမှားသွားတယ်။ အထင်လွဲသွားခဲ့တယ်။ အဲ့ဒီ့တော့ မရှင်းမရှင်းတွေပြောမိကြရော။ ငါတောင်းပန်ပါတယ် Nicki ရယ် @NICKIMINAJ” ဆိုပြီး တောင်းပန်စကား ရေးသားခဲ့ပါတယ်။

MTV Video Music Award လျာထားစာရင်းထွက်လာတဲ့အခါ သူမဟာ အပစ်ပယ်ခံရတယ်လို့ ယူဆပြီးတော့ Minaj က သူ့ယူဆချက်တွေကို Twitter ပေါ်မှာ စရေးခဲ့တာပါ။ စံချိန်ချိုးခဲ့တဲ့ “Anaconda” နဲ့ Beyonce ပါဝင်ကူညီပေးထားတဲ့ “Feeling Myself” တို့ဟာ လျာထားစာရင်းမှာ ပါမယ်လို့ သူမက ယုံကြည်မျှော်လင့်ထားခဲ့တာပါ။

အဲ့ဒီ့အတွက် Minaj စတင်ရေးသားခဲ့တာကတော့ “ရှင်တို့ရဲ့ ဗီဒီယိုမှာ သိပ်ကိုပိန်ပါးလွန်းတဲ့ ခန္ဓာကိုယ်တွေနဲ့ ရိုက်ခဲ့မယ်ဆိုရင်၊ ဒီနှစ်ရဲ့ လျာထားစာရင်းဝင်မှာပါ။” လို့ပါပဲ။ ဒါ့ကြောင့် Swift က သူ့ကိုစောင်းပြောတယ်ထင်ပြီး ပဋိပက္ခတွေဖြစ်ခဲ့ကြတာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Boombox