Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , American Horror Story ဇာတ်လမ်းတွဲမှာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပါဝင်မယ့် Lady Gaga

American Horror Story ဇာတ်လမ်းတွဲမှာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပါဝင်မယ့် Lady Gaga

| No comment



Lady Gaga ဟာ FX ရုပ်သံလိုင်းရဲ့ American Horror Story: Hotel ဇာတ်လမ်းတွဲမှာ အသက် နှစ်ရာကျော်ရှိနေပြီဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်အနေနဲ့ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

“ သူမရဲ့ဇာတ်ကောင်က ဟိုတယ်ပိုင်ရှင်၊ အသက် ရှစ်နှစ်အရွယ် ရုပ်တစ်ထပ်တည်းတူတဲ့ ဗန်ပိုင်ယာလေး ငါးယောက်ရဲ့ အမေအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ America Horror Story ဇာတ်လမ်းတွဲရဲ့ အတွင်းလူတစ်ယောက်က US မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

ရုပ်သံဇာတ်လမ်းတွဲ စီစဉ်တင်ဆက်သူ Ryan Murphy က ပုံမှန်မြင်နေကျ သွေးဆာနေတဲ့ဗန်ပိုင်ယာကို ဒီဇာတ်လမ်းမှာတွေ့ ရမှာမဟုတ်ဘဲ အစွယ်အချွန်တွေမပါဘဲ ရှေးခေတ် သွေးဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဗန်ပိုင်ယား ပုံစံမျိုးကိုသာတွေ့ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Murphy က ဒီလအစောပိုင်းတုန်းက Lady Gaga ရဲ့ ကာရိုက်တာနာမည်က Elizabeth ဖြစ်တယ်လို့ ဖွင့်ပြောခဲ့ပါတယ်။

“ သူမက ဟိုတယ်တစ်ခုပိုင်တယ်။ အရမ်းချမ်းသာပြီး လူမှုအသိုင်းအ၀ိုင်းမှာ လေးစားခံရတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ အနုပညာ၊ ဖက်ရှင်နဲ့ လူတွေအကြောင်း အရမ်းစွဲလန်းမှုရှိတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါပေမယ့် သူမမှာ ယုတ်ညံ့တဲ့အစီအစဉ်တစ်ခုရှိပါတယ်။ ဒါကို ပထမ တစ်ပိုင်းမှာ ရိုက်ပြ ပြီးပါပြီ” လို့ Murphy က ပြောကြားခဲ့ပါတယ်။

Gaga ပါဝင်မယ့် American Horror Story ၁၃ ပိုင်းမြောက် ဇာတ်လမ်းပိုင်းအသစ်ကို အောက်တိုဘာလ ၇ ရက်မှာ FX ချန်နယ်ကနေ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: usmagazine