Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကိုယ်ပိုင် မိုဘိုင်းလ် ဂိမ်း App ထုတ်လုပ်မယ့် Nicki Minaj

ကိုယ်ပိုင် မိုဘိုင်းလ် ဂိမ်း App ထုတ်လုပ်မယ့် Nicki Minaj

| No comment



ဟစ်ဟော့ ဘုရင်မ တစ်ယောက်ဖြစ်တဲ့ Nicki Minaj ဟာ Kim Kardashian လျှောက်ခဲ့တဲ့လမ်းအတိုင်းပဲ ကိုယ်ပိုင် စမတ်ဖုန်း ဂိမ်း တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

Nicki Minaj ဟာ ဆန်ဖရန်ဆစ္စကို အခြေစိုက် Glu Mobile ကုမ္မဏီ နဲ့ ပါတနာသဘောတူ စာချုပ်ချုပ်ခဲ့ကြပြီး Nicki Minaj အမည်နဲ့ ဂိမ်းတစ်ခု ထုတ်လုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ Glu Mobile ဆိုတဲ့ ကုမ္မဏီ ကတော့ ဖြစ်ရပ်မှန်ကြယ်ပွင့် Kim Kardashian ရဲ့ ပေါ်ပြူလာဖြစ်ခဲ့တဲ့ Kim Kardashian : Hollywood Game ဆိုတဲ့ App ကိုထုတ်လုပ်ခဲ့တဲ့ ကုမ္မဏီ လည်းဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရပ်စတား Nicki Minaj ဟာ သူမရဲ့ ပုံစံ နဲ့ အသံတွေကို ထို ဂိမ်းထဲမှာ ထည့်သွင်းပေးဖို့ သဘောတူခဲ့တာ ဖြစ်ပြီး ထို ဂိမ်းရဲ့ သဘောတရားကတော့ ဂီတ အင်ပါယာ တစ်ခု ကို တည်ဆောက်ဖို့ ကြိုးစားရတဲ့ ဂိမ်းမျိုးပဲ ဖြစ်ပါတယ်။

"Nicki ဟာ Glu ကုမ္မဏီ အတွက် သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ Follow လုပ်ထားတဲ့ သန်း၁၀၀ သော ပရိတ်သတ်တွေနဲ့ ဂီတ ကဏ္ဍ အသစ်တစ်ခုကို သယ်ဆောင်ပေးခဲ့ပါပြီ။ Nicki ဟာလည်း Kim K လိုပဲ မထင်မှတ်ထားတဲ့ အောင်မြင်မှု တွေရလာနိုင်တယ်" လို့ Glu ကုမ္မဏီ ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Niccolo de Masi က သတင်းထုတ်ပြန်ချက်တွေ ထည့်သွင်းရေးသားထားပါတယ်။

ဇွန်လ ၂၀၁၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ Kim Kardashian : Hollywood ဂိမ်းကတော့ ဆော့ကစားသူ ၂၂.၈ သန်းထိ ရှိခဲ့ပြီး အကျိုးအမြတ်အားဖြင့် ဒေါ်လာ ၇၄ သန်းအထိ ရရှိခဲ့တယ်လို့ Kim Kardashian ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားပါသေးတယ်။ Kim K တစ်ယောက်ထဲပဲ မိုဘိုင်းလ် ဂိမ်းလောက ထဲ ရောက်လာခဲ့တာမဟုတ်ပါဘူး။ သူမရဲ့ ညီအစ်မ တွေဖြစ်ကြတဲ့ Kylie Jenner နဲ့ Kendall Jenner တို့ကလည်း သူတို့ ရဲ့ ကိုယ်ပိုင် မိုဘိုင်းလ် ဂိမ်းတွေကို ထုတ်လုပ်ကြဦးမှာ ဖြစ်ပါတယ်။

Glu ကုမ္မဏီကလည်း Kim K ရဲ့ ဂိမ်းနဲ့ အောင်မြင်လာပြီးတဲ့နောက် Nicki Minaj ကိုထပ်မံ ပွဲထုတ်ဖို့ ကြိုးစားသလို အက်ရှင် စူပါစတား Jason Statham ကိုလည်း ဂိမ်း အသစ်တစ်ခု ရေးဆွဲ ထုတ်လုပ်စေဖို့အတွက် စာချုပ်ချုပ်ထားတဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror