Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Ariana Grande က သူမရဲ့ပထဆုံး ရေမွှေး “ARI” နဲ့ မိတ်ဆက်ပေးခဲ့

Ariana Grande က သူမရဲ့ပထဆုံး ရေမွှေး “ARI” နဲ့ မိတ်ဆက်ပေးခဲ့

| No comment



မင်းသမီးလည်းဖြစ် အဆိုတော်လည်းဖြစ်တဲ့ Ariana Grande က နောက်လမှာ စတင်ထွက်ရှိလာမယ့် သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် “ARI” ရေမွှေးကို ကြေညာမိတ်ဆက်ပေးခဲ့ပါတယ်။

 “ ကျွန်မက အမွှေးနံသာတွေကို နှစ်သက်ပါတယ်။ ကျွန်မဘ၀တစ်လျှောက်လုံးနဲ့ သက်ဆိုင်တဲ့အရာဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်ရေမွှေးထုတ်လုပ်မှုမှာလည်း ကျွန်မကိုယ်တိုင်နဲ့ အမှန်တကယ်သက်ဆိုင်လိုတာကြောင့် “ARI” လို့ ပေးခဲ့တာပါ” လို့ Grande က ဗုဒ္ဓဟူးနေ့က ပြောကြားသွားပါတယ်။

“ ကျွန်မ ဒါနဲ့ပတ်သက်သမျှကို ကြိုက်ပါတယ်။ ဒါဟာ ကျွန်မအတွက်တော့ တကယ့်အစစ်အမှန် ပျော်စရာပါပဲ။ သူ့ရဲ့ရနံ့က ချိုမွှေးပြီး ဆွဲဆောင်မှုလည်းရှိတဲ့ အံသြစရာလည်း ကောင်းပါတယ်။" လို့လည်း သူမကဆိုပါတယ်။

LUXE Brand ရဲ့ CEO ဖြစ်သူ Tony Bajaj ကလည်း “ ကျွန်တော်တို့ကလည်း ခုလို နာမည်ကြီးပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Ariana Grande လို အနုပညာရှင်တစ်ယောက်နဲ့ တွဲဖက်လုပ်ကိုင်ရတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။” လို့ ပြောကြားထားပါတယ်။

 “ Ariana ရဲ့ ရေမွှေးထုတ်လုပ်မှုမှာ ခုလိုတစ်စိတ်တစ်ပိုင်းပါဝင်ရတဲ့အတွက် တကယ်ပဲ စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ ဒါဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ပရိသတ်တွေဆီကို ရောက်ရှိသွားမှာ သေချာပါတယ်” လို့ Designer Perfume ရဲ့ CEO ဖြစ်သူ Dilesh Mehta က မှတ်ချက်ပေးထားပါသေးတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi