Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မွေးရပ်မြေ Barbados ကျွန်းစွယ်မှာ လူရိုင်းဝတ်စုံ နဲ့ ရိုးရာပွဲတော်ကို ဆင်နွှဲခဲ့တဲ့ Rihanna

မွေးရပ်မြေ Barbados ကျွန်းစွယ်မှာ လူရိုင်းဝတ်စုံ နဲ့ ရိုးရာပွဲတော်ကို ဆင်နွှဲခဲ့တဲ့ Rihanna

| No comment



ပေါ့ပ် ၊ ရပ် ၊ R&B ဂီတ တို့ကိုသီဆိုနေတဲ့ အဆိုတော်မလေး Rihanna ဟာ တနင်္လာနေ့က သူမရဲ့ မိခင်ဌာနေ ဖြစ်တဲ့ Barbados ကျွန်းစွယ် ကို ပြန်သွားပြီး သူမတို့ ကျွန်းစွယ် နိုင်ငံ ရဲ့ ပွဲတော်တစ်ဖြစ်တဲ့ Crop Over ပွဲတော်နဲ့ Kadooment နေ့တို့ကို ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

အဆိုတော်မလေးဟာ သေးငယ်ပြီး သူမရဲ့ ခန္ဓာကိုယ် အလှကို အနည်းငယ်သာ ဖုံးအုပ်နိုင်မယ့် လူရိုင်း ၀တ်စုံ မျိုးကို ၀တ်ဆင်ထားပြီး သူမဟာ ပါတီကား တစ်ခုရဲ့ နောက်ခန်းကနေ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ပြည့်နှက်နေတဲ့ လမ်းထဲကို စီးနင်းဝင်ရောက်လာပြီး ပြည်သူများနဲ့ အတူ ကခုန်ကာ ပျော်ပွဲရွှင်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။

ဖော်မြူလာ ၀မ်း ကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ Lewis Hamilton ကိုလည်း သူမနဲ့ အတူ ကခုန်နေတာကို တွေ့ခဲ့ရပြီး Rihanna ရဲ့ သူငယ်ချင်းတွေလည်း ပါဝင်နေပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ Rihanna ဟာ Lewis Hamilton နဲ့ တွဲခုတ် နေတယ်ဆိုတာပါပဲ။

Kadooment နေ့ဆိုတာကတော့ Barbados ကျွန်းစွယ် နိုင်ငံ ရဲ့ နှစ်စဉ်ကျင်းပတဲ့ ပွဲတစ်ခုဖြစ်တဲ့ Crop Over ပွဲတော် ကြီးပြီးဆုံးခြင်းအတွက် သတ်မှတ်တဲ့နေ့တစ်နေ့ ဖြစ်ပြီး ထို Kadooment နေ့ကို Rihanna က ပါဝင်ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။

ထို Crop Over ပွဲတော်ကြီးကိုတော့ ဇွန်လ အကုန်ပိုင်းကနေ သြဂုတ်လ ရဲ့ ပထမဆုံး တနင်္လာ နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်။ ထိုပွဲတော်ကို တက်ရောက်လာတဲ့ အမျိုးသမီး အားလုံးဟာ ဘရာဇီးလ်နိုင်ငံ Rio De Janeiro မြို့ရဲ့ Carnivale ပွဲတော် မှာ ၀တ်ဆင်တဲ့ လူရိုင်း အ၀တ်အစားမျိုးတွေကို ၀တ်ဆင်လာကြတာကိုလည်းတွေ့ ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse