Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမျိုးသမီး ပိုဆန်သွားအောင် အသံပြွန်ကိုခွဲစိတ်ပြုပြင်မယ့် Caitlyn Jenner

အမျိုးသမီး ပိုဆန်သွားအောင် အသံပြွန်ကိုခွဲစိတ်ပြုပြင်မယ့် Caitlyn Jenner

| No comment



ယောကျာင်္းတစ်ယောက်ရဲ့ ဘ၀ကနေ မိန်းမ တစ်ယောက်ရဲ့ ဘ၀ မျိုးဖြစ်လာအောင် လိင်ပြောင်းလဲခဲ့တဲ့ Caitlyn Jenner ဟာ ဓါးတွေရဲ့ အောက် တစ်ခါပြန် ရောက်ရဦးမှာ ဖြစ်ပါတယ်။ သူမအနေနဲ့ အသံပြွန်ခွဲစိတ်ဖို့ ကျန်နေပါသေးတယ်။

I Am Cait အစီအစဉ်ကို ကြည့်ဖူးသူတိုင်းက Caitlyn အနေနဲ့ သူမရဲ့ အသံဟာ ပိုပြီး အမျိုးသမီး ဆန်ဖို့ လိုအပ်နေတယ်ဆိုတာကို သတိထားမိမှာပါ။

National Enquirer သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ Caitlyn Jenner ဟာ အသံ နဲ့ပတ်သက်ပြီး သင်ကြားပေးနိုင်မယ့် နည်းပြ တစ်ယောက်ကို ရှာဖွေခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ လတွေ အတွင်းမှာ သိသာခြားနား တဲ့ ပြောင်းလဲမှု တွေ မတွေ့ခဲ့ရပါဘူး။

"Cait ဟာ အသံနည်းပြတစ်ယောက်ငှားခဲ့ပါတယ်။ဒါပေမယ့် ဘာမှ မပြောင်းလဲသွားပါဘူး။ "I Am Cait" ရှိုးပြီးကတည်းက သူမဟာ အသံကို ခွဲစိတ်ကုသမှုလုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ သူမ အနေနဲ့ အသံ ပိုင်းဆိုင်ရာကို ၂ ပတ်ခန့် အနားယူဖို့ လိုအပ်မယ်ဆိုတာကိုလည်း သိရှိပြီး ဖြစ်ပါတယ်။ " လို့ Caitlyn Jenner နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

Caitlyn Jenner ဟာ အရင် နှစ်အနည်းငယ်ကတည်းက ခွဲစိတ်ကုသမှု ပေါင်း မြောက်များစွာကို ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း အသံနဲ့ ပတ်သက်ပြီး ခွဲစိတ်ကုသမှု လုပ်ရမှာကိုတော့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ သူမဟာ အရေပြားတွေနဲ့ ပတ်သက်လို့ ယုံကြည်မှု ရှိသွားပြီးတဲ့နောက်မှာမှ အသံ ဟာလည်း အရေးကြီးတယ် လို့ ယုံကြည်လာတာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse