Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Calvin Harris အတွက် စင်ပေါ်ကနေ စကားလုံး ၃ လုံးကို ပြောပြခဲ့တဲ့ Taylor Swift

Calvin Harris အတွက် စင်ပေါ်ကနေ စကားလုံး ၃ လုံးကို ပြောပြခဲ့တဲ့ Taylor Swift

| No comment



ကန်းထရီး အဆိုတော်မလေး Taylor Swift ဟာ သူမရဲ့ ချစ်သူကောင်လေး Calvin Harris ကို စတိတ် စင်မြင့် အထက်ကနေ "I Love You" လို့ ပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေလည်း ခဏလောက် တိတ်ဆိတ် သွားကြရပါတယ်။

Taylor Swift ဟာ ကယ်လီဖိုးနီးယား ခန်းမ မှာ ရက်အနည်းငယ် ခန့် ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ပြီး လူသိများ ကျော်ကြားသူ တစ်ချို့ကိုလည်း အထူးဧည့်သည် တွေအဖြစ် ဖိတ်ကြားပြီး လာရောက် ကြည့်ရှု စေခဲ့ပါတယ်။ ထို ဧည့်သည်တွေကတော့ Ellen DeGeneres ၊ Mariska Hargitay ၊ Cara Delevingne ၊ Fifty Harmony ၊ Julia Roberts နဲ့ Alanis Morissette တို့အပါအ၀င် အခြား နာမည်ကြီး ပုဂ္ဂိုလ်တွေပဲ ဖြစ်ကြပါတယ်။

တစ်ချို့သော Taylor Swift ရဲ့ ပရိတ်သတ်တွေကတော့ လူမြင်ကွင်းမှာ ပုဂ္ဂိုလ်ရေး အကြောင်းအရာ တွေ မပြောသင့်ဘူးလို့ ဆိုကြပါတယ်။ Taylor Swift ရဲ့ သစ္စာ ရှိတဲ့ အမာခံ ပရိတ်သတ်တွေကတော့ သူမဘက်က အကူအညီမပေးနိုင်ခဲ့ပေမယ့် သူမရဲ့ချစ်သူ Calvin Harris တစ်ယောက် စင်ပေါ်တက်တဲ့ လျှောက်လမ်း အဆုံးမှာ သူမကို ပရိတ်သတ်တွေ ရန်က ကာကွယ်ပေးဖို့ အသင့်စောင့်နေတာကိုတော့ တွေ့ခဲ့ကြပါတယ်။

Taylor Swift ဟာ သူမရဲ့ ကျော်ကြားတဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ "Shake It Off" ဆိုတဲ့ သီချင်းကို သီဆိုပြီးတဲ့နောက်မှာ စင်မြင့်အထက်ကနေ "I Love You" ဆိုတဲ့ စကားလုံး ၃ လုံးကို Calvin Harris အတွက် ပြောခဲ့တာဖြစ်ပါတယ်။ ထို အဖြစ်အပျက်တွေဟာ Tumblr မှာတင်ထားခဲ့တာ ကိုလည်း တွေ့ရမှာပါ။

အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ EDM ဆရာကြီး Calvin Harris ကလည်း သူ့ရဲ့ ချစ်သူ ကောင်မလေးအတွက် One Direction အဖွဲ့ရဲ့ အဆိုတော်ဟောင်း  Zayn Malik ရဲ့ Meme နဲ့ တိုက်ခိုက်မှုတွေကိုလည်း သူက Twitter က တစ်ဆင့် ပြန်လည် တိုက်ခိုက်ပြောဆိုခဲ့ပါသေးတယ်။

Taylor Swift ဟာ လက်ရှိမှာ ဒီဇင်ဘာလ အထိ "1989" ဆိုတဲ့ နယ်လှည့်ဖျော်ဖြေပွဲ တစ်ခုကို ပြုလုပ်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse