Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေ ပယ်ဖျက်လိုက်တဲ့ Charli XCX

နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေ ပယ်ဖျက်လိုက်တဲ့ Charli XCX

| No comment



လူငယ် ပေါ့ပ် အဆိုတော် ကောင်မလေး Charli XCX နဲ့ Indie ဂီတ ကို အဓိကထား သီဆိုတဲ့ Bleachers အဖွဲ့တို့ဟာ အမေရိက နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

Rolling Stone မဂ္ဂဇင်းက ဖော်ပြခဲ့တာကတော့ လူငယ်တို့ရဲ့ အသည်းစွဲ "Boom Clap" သီချင်းရဲ့ သီဆိုသူ Charli XCX ဟာ "Charli and Jack Do America" ဆိုတဲ့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် ဒုတိယ ပိုင်းဖြစ်တဲ့ မြောက်အမေရိက ဖျော်ဖြေရေး ကို ပယ်ဖျက်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဒီသတင်းဟာ လူမှုကွန်ရက်တွေက တစ်ဆင့် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ထို အခြေအနေနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကလည်း ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပြန်ပါတယ်။ ဒါကြောင့် Bleachers အဖွဲ့ရဲ့ ရှေ့ထွက် အဆိုတော် Jack Antonoff ကလည်း သူ့ရဲ့ Facebook ကနေတစ်ဆင့် ပရိတ်သတ်တွေကို တောင်းပန်တဲ့ Post တစ်ခု တင်ထားခဲ့ပါတယ်။

ထို တောင်းပန်တဲ့ Post ထဲမှာတော့ Jack က နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် ပယ်ဖျက်လိုက်မှုဟာ Charli XCX ရဲ့ ပြသနာ သာဖြစ်တယ်လို့ ဆိုထားပါတယ်။ Charli XCX ကလည်း Facebook ကနေပဲ သူ့ရဲ့ ပရိတ်သတ်တွေကို နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် ပယ်ဖျက်လိုက်မှု အကြောင်း တောင်းပန်ထားရာမှာတော့ ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြသနာ တစ်ခုကြောင့် ဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။

Bleachers အဖွဲ့အတွက်ကတော့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ် ပယ်ဖျက်လိုက်ရင်တော့ စတူဒီယို ပြန်ဝင်ဖို့ အချိန်ရသွားနိုင်ပါတယ်။ မနှစ်ကတုန်းက အောင်မြင်မှု ရခဲ့တဲ့ သူတို့ရဲ့ ပွဲဦးထွက် သီချင်း "Strange Desire" လို သီချင်းမျိုး နောက်တစ်ပုဒ် ထပ်မံ ထွက်ပေါ်လာဖို့လည်း ပရိတ်သတ်တွေက စောင့်မျှော်နေကြပါတယ်။

Charli XCX နဲ့ Bleachers အဖွဲ့တို့ရဲ့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်ဟာ စက်တင်ဘာ ၁၄ ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ နေရာ ၁၀ နေရာ မှာ ပြုလုပ်သွားဖို့ စီစဉ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse