Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Forbes မဂ္ဂဇင်းရဲ့ ၂၀၁၅ခုနှစ် ၀င်ငွေအကောင်းဆုံးမင်းသမီးစာရင်းမှာ Jennifer Lawrence ထိပ်ဆုံးက အပြတ်အသတ် ဦးဆောင်

Forbes မဂ္ဂဇင်းရဲ့ ၂၀၁၅ခုနှစ် ၀င်ငွေအကောင်းဆုံးမင်းသမီးစာရင်းမှာ Jennifer Lawrence ထိပ်ဆုံးက အပြတ်အသတ် ဦးဆောင်

| No comment



Hunger Games နဲ့ X-Men ရုပ်ရုင်ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့သူ အသက် ၂၅ နှစ်အရွယ် အော်စကာဆုရ Jennifer Lawrence ဟာ တစ်နှစ်အတွင်း ကန်ဒေါ်လာ ၅၂ သန်း (အခွန်မဆောင်မီ) ၀င်ငွေရရခဲ့ပြီး Forbes ရဲ့ ၀င်ငွေအကောင်းဆုံးမင်းသမီးစာရင်း ထိပ်ဆုံးနေရာကို သိမ်းပိုက်လိုက်ပါတယ်။

သူမရဲ့အောက်မှာတော့ Scarlett Johansson က ဒေါ်လာ ၃၅.၅ သန်းနဲ့ ဒုတိယနေရာ ရပ်တည်နေပါတယ်။ ဒီနှစ်စာရင်းမှာ မထင်မှတ်ထားတဲ့သူ အများအပြားလည်း ပါဝင်ခဲ့ပြီး Angelina Jole ၊ Jennifer Aniston ၊ Julia Roberts ၊ Reese Witherspoon စတဲ့ ပါဝင်နေကြမင်းသမီးတွေလည်း ပါဝင်ခဲ့ပါတယ်။

တတိယနေရာမှာ ဟာသဇာတ်မြူး သရုပ်ဆောင်၊ထုတ်လုပ်သူ၊ဖက်ရှင်ဒီဇိုင်နာ Melissa McCarthy ရောက်ရှိလာပြီး စတုတ္ထနေရာမှာတော့ X-Men: Days of Future Past မှာ Blink ဇာတ်ကောင်နေရာက ပါဝင်ခဲ့သူ တရုတ်မင်းသမီး Bingbing Fan က ဒေါ်လာ ၂၁ သန်းနဲ့ နေရာယူထားပါတယ်။

ဝင်ငွေအကောင်းဆုံးမင်းသား Robert Downey Jr. နဲ့ Jennifer Lawrence တို့ ကြားမှာ ၀င်ငွေကွာဟချက်က ဒေါ်လာ သန်း ၃၀ ခန့် ရှိပြီး ဟောလီးဝုဒ်ရဲ့ မင်းသားနဲ့ မင်းသမီးကြား သရုပ်ဆောင်ခ ကွာခြားချက်က နာမည်ဆိုးနဲ့ ဆက်လက်ရှိ နေပါတယ်။

၂၀၁၅ ခုနှစ် Forbes ၀င်ငွေအကောင်းဆုံးမင်းသမီး စာရင်းအပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. Jennifer Lawrence $52,000,000
2. Scarlett Johansson: $35,500,000
3. Melissa McCarthy: $23,000,000
4. Bingbing Fan: $21,000,000
5. Jennifer Aniston: $16,500,000
6. Julia Roberts: $16,000,000
7. Angelina Jolie: $15,000,000
8. Reese Witherspoon: $15,000,000
9. Anne Hathaway: $12,000,000
10. Kristen Stewart: $12,000,000
11. Cameron Diaz: $11,000,000
12. Gwyneth Paltrow: $9,000,000
13. Meryl Streep: $8,000,000
14. Amanda Seyfried: $8,000,000
15. Sandra Bullock: $8,000,000
16. Emma Stone: $6,500,000
17. Mila Kunis: $6,500,000
18. Natalie Portman: $6,000,000

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: vanityfair