Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ယူကရိန်း နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့် အပိတ်ခံလိုက်ရတဲ့ မင်းသား Gerard Depardieu

ယူကရိန်း နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့် အပိတ်ခံလိုက်ရတဲ့ မင်းသား Gerard Depardieu

| No comment



၂၀၁၃ ခုနှစ်ကတည်းက ရုရှားနိုင်ငံသား တစ်ယောက် အဖြစ်ခံယူလိုက်တဲ့ ပြင်သစ် သရုပ်ဆောင် Gerard Depardieu ဟာ ရုရှားနိုင်ငံကို ထောက်ခံကြောင်း ပြသပြီးတဲ့နောက်မှာ ယူကရိန်း နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့် ၅ နှစ်တိတိ အပိတ်ခံလိုက်ရပါတယ်။

ပြင်သစ် ၀ါရင့် သရုပ်ဆောင်ကြီးဟာ ရုရှားနိုင်ငံ သမ္မတ Vladimir Putin ကို ဘယ်လောက်ထိ ထောက်ခံတယ်ဆိုတာကို ထုတ်ဖော် ကြေညာအပြီးမှာပဲ ယူကရိန်း နိုင်ငံ ရဲ့ ယဉ်ကျေးမှု ၀န်ကြီး Ivan Kirilenko က သူ့ကို နိုင်ငံတော်ရဲ့ မှုခိုင်းဆိုင်ရာ တားမြစ်ပုဂ္ဂိုလ်များစာရင်းထဲကို ထည့်သွင်းလိုက်တာဖြစ်တယ်လို့ နယူးယော့ခ်ပို့စ် သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ယူကရိန်း နိုင်ငံ က ထုတ်ပြန်တဲ့ ထို တားမြစ်ပုဂ္ဂိုလ်များ စာရင်းထဲမှာတော့ ရုရှားနိုင်ငံကို ထောက်ခံပြီး ယူကရိန်း နိုင်ငံရဲ့ သူပုန်တွေအဖြစ်သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကို ထောက်ခံ ကြောင်း ပြောဆိုဖူးတဲ့ အခြား အနုပညာရှင်များစွာကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ထိုစာရင်းထဲမှာပါဝင်နေတဲ့ အခြား ထင်ရှားတဲ့ အနုပညာရှင်တွေကတော့ အက်ရှင်စတား Steven Seagal နဲ့ ယူဂိုဆလားဗီးယား တေးရေးဆရာ Goran Bregovic တို့ပဲ ဖြစ်ပါတယ်။ "ကျွန်တော်ရုရှားကိုချစ်ပါတယ်။ရုရှားရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Ukaraine ကိုလည်း ချစ်ပါတယ်" လို့ မင်းသား Depardieu က ၂၀၁၄ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ Latvian ရုပ်ရှင်ပွဲတော်မှာ ပြောပြခဲ့ပါတယ်။

အသက် ၆၆ နှစ်အရွယ် မင်းသားကြီး Gerard Depardieu ဟာ ပြင်သစ်နိုင်ငံရဲ့ သန်းကြွယ်သူဋ္ဌေးတွေအပေါ်ကောက်ခံတဲ့ အခွန်မြင့်မာလာမှု ကို ရှောင်ရှားချင်တဲ့အတွက် ရုရှားနိုင်ငံရဲ့ နိုင်ငံသားခံယူခွင့်ကိုတောင်းခံခဲ့တာဖြစ်ပြီး ဒီသတင်းဟာ မဟုတ်ဘူးလို့တော့ Depardieu က တစ်ခါငြင်းဆိုခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse