Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Ghostbusters ဇာတ်လမ်းကို အမျိုးသမီးတွေနဲ့ ရိုက်ကူးမှု အပေါ် ဝေဖန်မှုများအား Melissa McCarthy တုံ့ပြန်

Ghostbusters ဇာတ်လမ်းကို အမျိုးသမီးတွေနဲ့ ရိုက်ကူးမှု အပေါ် ဝေဖန်မှုများအား Melissa McCarthy တုံ့ပြန်

| No comment



တစ်ခေတ် တစ်ခါက လူငယ် ပရိတ်သတ် တွေအကြား ရေပန်းစားခဲ့တဲ့ Ghostbusters ဇာတ်လမ်းကို နောက်တစ်ကြိမ် Melissa McCarthy အပါအ၀င် အခြား အမျိုးသမီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးမယ်လို့ သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန်မှု တွေ အမြောက်အများ ထွက်ပေါ်လာပြန်ပါတယ်။

Ghostbusters ဇာတ်လမ်းဟာ အရင်တုန်းကတော့ အမျိုးသား သရုပ်ဆောင် ၄ ယောက်နဲ့ အဓိက ထားရိုက်ကူးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Melissa McCarthy အပါအ၀င် အခြား အမျိုးသမီး သရုပ်ဆောင်များနဲ့ စုစုပေါင်း ၄ ယောက် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဲဒီလို အမျိုးသမီး သရုပ်ဆောင်တွေကို အသုံးပြုခဲ့လို့ ဝေဖန်ခံနေရတဲ့အပေါ် Ghostbusters အဖွဲ့သားတွေက Tweet တစ်ခုနဲ့ ပြန်လည်တုံ့ပြန်လိုက်တယ်လို့ People မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ခန္ဓာကိုယ်အချိုးအစား အရ ၀တယ်လို့ ဆိုနိုင်မယ့် ဟာသ သရုပ်ဆောင် Melissa McCarthy ဟာ အင်္ဂါနေ့တုန်းက သူမနဲ့ Ghostbusters အဖွဲ့သားတွေ စုပေါင်းရိုက်ထားတဲ့ ဓါတ်ပုံ တစ်ပုံကို သူမရဲ့ Twitter အကောင့်မှာ တင်ထားခဲ့ပါတယ်။ ထို ဓါတ်ပုံမှာတော့ Ghostbusters ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Leslie Jones ၊ Kate McKinnon နဲ့ Kristen Wiig တို့အပါအ၀င် အမျိုးသမီး အဖွဲ့သားများစွာ ပါဝင်ပါတယ်။ သူတို့ဟာ "Girl Power" ဆိုတဲ့ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ရည်ညွှန်းတဲ့ စာသားတစ်ခုကိုလည်း လက်က ကိုင်ဆောင်ထားပါသေးတယ်။ အနောက်မှာပါတဲ့ အဖွဲ့သားတွေကတော့ သူတို့ တာဝန်ယူထားတဲ့ ကဏ္ဍ ကို ဖော်ပြထားတဲ့ စာရွက်တွေကို အသီးသီး ကိုင်ဆောင်ထားကြပါတယ်။

ဒီ ဓါတ်ပုံနဲ့ ဖြစ်ရပ်တွေမတိုင်ခင်တုန်းကတော့ Chris Hemsworth က ကာကီနဲ့ လိမ္မော်ရောင် စပ်ကြား ၀တ်စုံတစ်ခုကို ၀တ်ဆင်ပြီး မော်တော်ဆိုင်ကယ် စီးကာ Ghostbusters ဇာတ်လမ်း ရဲ့ မင်းသားတစ်ယောက် သဖွယ် ဓါတ်ပုံ တက်လာခဲ့ဖူးပါတယ်။ ပရိတ်သတ်တွေကတော့ ထို ပုံကိုကြည့်ပြီး Chris Hemsworth က Ghostbusters ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်မယ်လို့ ထင်ကြပေမယ့်လည်း Ghostbusters ဇာတ်လမ်းရဲ့ ဒါရိုက်တာ Paul Feig က Tweet တစ်ခုရေးသားပြီး Chris Hemsworth က ခွင့်ပြုချက်မရပဲ အယောင်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse