Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Jessica Alba ရဲ့ အလှကုန် ထုတ်လုပ်ရေး လုပ်ငန်း အပြင်းအထန် ဝေဖန်ခံနေရ

Jessica Alba ရဲ့ အလှကုန် ထုတ်လုပ်ရေး လုပ်ငန်း အပြင်းအထန် ဝေဖန်ခံနေရ

| No comment



ဟောလီးဝုဒ် သရုပ်ဆောင်မင်းသမီးလေး Jessica Alba ရဲ့ အလှကုန် ထုတ်လုပ်ရေး လုပ်ငန်းဟာ အသုံးပြုသူ အချို့ရဲ့ လူမှုမီဒီယာက တဆင့် အပြစ်တင်ခြင်းကို ခံနေရပါတယ်။ အကြောင်းအရင်းကတော့ Jessica Alba ကုမ္မဏီ က ထုတ်လုပ်တဲ့ နေရောင်ခံ ခရင်မ်တွေဟာ သက်ရောက်မှု မရှိတဲ့အတွက် ဖြစ်ပါတယ်။

People မဂ္ဂဇင်းက ဖော်ပြခဲ့တာကတော့ သူမတို့ ကုမ္မဏီရဲ့ ထုတ်ကုန်တွေကို သုံးစွဲသူအချို့ဟာ သူတို့ရဲ့ နေလောင်နေတဲ့ ခန္ဓာကိုယ် ဓါတ်ပုံတွေနဲ့အတူ Facebook နဲ့ Twitter တို့မှာ ဝေမျှ ရေးသားခဲ့ကြတဲ့အရာက Jessica Alba ကုမ္မဏီ က ထုတ်လုပ်တဲ့ နေရောင်ခံ ခရင်မ်တွေဟာ ကြော်ငြာထားတဲ့အတိုင်း အလုပ်မဖြစ်ဘူးဆိုတာပါပဲ။

ထို People မဂ္ဂဇင်းထဲမှာပဲ Jessica Alba ရဲ့ the Honest ကုမ္မဏီ က ပြန်လည် ဖြေရှင်းချက်ထုတ်ထားတာကတော့ "ကျွန်ုပ်တို့ဟာ ထုတ်ကုန်တွေရဲ့ လုံခြုံရေးနဲ့ အကျိုးသက်ရောက်မှု အနောက်မှာ ရပ်တည်နေပါတယ်။ ကျွန်ုပ်တို့ဟာ သုံးစွဲသူတွေရဲ့ ဝေဖန်အကြံပေးချက်တွေကို လက်ခံပါတယ်။

ဒါ့အပြင် the Honest ကုမ္မဏီက ထုတ်လုပ်တဲ့ နေရောင်ခံ လိုးရှင်းတွေဟာ အမေရိကန် ပြည်ထောင်စု အစားအသောက်နဲ့ဆေးဝါးခွင့်ပြုချက် ဌာန က ငြင်းပယ်ထားတဲ့ ပရိုတိုကော်လ် တွေကို ဆန့်ကျင်တဲ့ တတိယ ပါတီ အဖွဲ့အစည်းတစ်ခုက စစ်ဆေးပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခု သူမတို့ ကုမ္မဏီ ထံ ဝေဖန် အကြံပေးလာတဲ့ သုံးစွဲသူတွေရဲ့ ၁ ရာခိုင်နှုန်း ခန့်ကသာ Honest.com က တဆင့်ဝယ်ယူခဲ့သူတွေဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

Jessica Alba ဟာ ဘီလီယံ ဒေါ်လာ ကုမ္မဏီ တစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Jessica Alba ဟာ Honest ကုမ္မဏီ ကို ၂၀၁၁ ခုနှစ်မှာတည်ထောင်ခဲ့ပြီး ခေတ်မီတဲ့ လူတစ်ယောက်ရဲ့ မိဘ ဘ၀ နဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်တွေကို ရောင်းချသွားမှာ ဖြစ်တယ်လို့ ကုမ္မဏီ ၀က်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ သူမဟာ Honor နဲ့ Haven တို့ရဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse