Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber နဲ့ရုပ်တူတဲ့ Toby Sheldon သေဆုံးမှုဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့များ ပတ်သက်နေသလား??

Justin Bieber နဲ့ရုပ်တူတဲ့ Toby Sheldon သေဆုံးမှုဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့များ ပတ်သက်နေသလား??

| No comment



မိတ်ဆွေဖြစ်သူများက အဆက်အသွယ်မရကြောင်း ပြောကြားပြီး ရက်ပိုင်းအတွင်း Botched စတားဖြစ်သူ Toby Sheldon ကို သူ့ရဲ့မိုတယ်အခန်းအတွင်းမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါသတဲ့။

 TMZ အဆိုအရ Justin Bieber ရဲ့ ရုပ်ရည်အသွင်အပြင်မျိုးရရှိအောင် အမေရိကန်ဒေါ်လာ ၁ သိန်းကျော်အကုန်အကျခံပြီး ပြုပြင်ခွဲစိတ်ထားသူ Sheldon ကို သြဂုတ်လ ၂၁ ရက်နေ့က San Fernando Valley Motel 6 မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတာကို မသိရသေးဘဲ မိုတယ်အခန်းအတွင်းမှာတော့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Biber နဲ့ရုပ်ရည်ဆင်တူဖို့အတွက် ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုပေါင်းများစွာပြုလုပ်ထားတဲ့ အသက် ၃၅နှစ်အရွယ် Sheldon ဟာ ၂၀၁၄ ခုနှစ် E! reality show Botched အစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ TLC ရဲ့ကဏ္ဍတစ်ခုဖြစ်တဲ့ My Strange Addiction အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါသတဲ့။

The Huffington Post သတင်းအဆိုအရ Tobias Strebel မှာ မွေးဖွားခဲ့တဲ့ Toby ဟာ သီချင်းရေးစပ် သီဆိုသူတစ်ဦးဖြစ်ပြီး ဂီတလောကမှာ အောင်မြင်ဖို့ရည်ရွယ်ချက်ရှိသူ ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က Justin Bieber လို ကလေးငယ်မျက်နှာသွင်ပြင်နဲ့ ငယ်ရွယ်တဲ့ပုံပေါက်အောင် ခွဲစိတ်မှုတွေ များစွာပြုလုပ်ပြီး မကြာခင်မှာပဲ “The Plastics” ဆိုတဲ့ သီချင်းတစ်ပုဒ်လည်း ထွက်ရှိခဲ့ပါတယ်။

TMZ သတင်းအဆိုအရ Toby Sheldon ဟာ သြဂုတ်လ ၁၈ရက်နေ့ကတည်းက ပျောက်နေတာဖြစ်ပြီး သုံးရက်အကြာမှာ မိုတယ်ခန်းအတွင်း သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်ပါသတဲ့။ သူရဲ့သေဆုံးမှုဟာ ဘာကြောင့်ဆိုတာ မသိရသေးပေမယ့် သူ့ရဲ့အခန်းထဲမှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့ကြောင်း ဥပဒေပညာရှင်တွေက တရားဝင်ထုတ်ဖော် ပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse