Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Justin Timberlake နဲ့ ဇနီး Jessica Biel တို့ ကို လိင်တူချစ်သူများအသင်းအဖွဲ့ မှ ဂုဏ်ပြုဆုပေးအပ်

Justin Timberlake နဲ့ ဇနီး Jessica Biel တို့ ကို လိင်တူချစ်သူများအသင်းအဖွဲ့ မှ ဂုဏ်ပြုဆုပေးအပ်

| No comment



Justin Timberlake နဲ့ Jessic Biel တို့ စုံတွဲဟာ မိန်းမလိင်တူနှစ်သက်သူ၊ယောင်္ကျားလိင်တူနှစ်သက်သူ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံးနှစ်သက်သူနဲ့ လိင်ပြောင်းလဲထားသူများ (LGBT) အသိုင်းအ၀ိုင်းနဲ့ အတူ လက်တွဲလုပ်ဆောင်ခဲ့မှုကြောင့် ဂုဏ်ပြုဆုချီးမြှင့်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့ပြီး ဧပြီလမှာ သားလေး Randall ကို မွေးဖွားခဲ့တဲ့ Timberlake တို့ စုံတွဲဟာ GLSEN လိင်တူလိင်ကွဲအသိပညာရေးကွန်ရက်က နှစ်စဉ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် Timberlake နဲ့ ၃၃ နှစ်အရွယ် Biel တို့ ဟာ ‘အတုယူထိုက်တဲ့စံပြပုဂ္ဂိုလ်များ” အဖြစ် ရွေးချယ်ခံခဲ့ရပြီး လိင်တူချစ်သူ လူငယ်လူရွယ်တွေရဲ့ဘ၀ကို ကောင်းမွန်တဲ့အကျိုးသက် ရောက်မှုရှိစေခဲ့ တယ်လို့ ဆိုပါတယ်။

အဆိုပါဂုဏ်ပြုဆုကို လာမယ့်အောက်တိုဘာ ၂၃ ရက်နေ့ မှာ Los Angeles က Four Seasons Beverly Wilshire ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

“ ၂၀၁၅ခုနှစ် Los Angeles GLSEN ဂုဏ်ပြုဆုလက်ခံရရှိသူနှစ်ဦးကို ကြေငြာဖို့ အတွက် ကျွန်မတို့  အလွန်စိတ်လှုပ်ရှားနေပါတယ်။ သူတို့ ကတော့ LGBT အသိုင်းအ၀ိုင်းနဲ့ လက်တွဲဖော် မဟာမိတ်စစ်စစ်တွေဖြစ်ပြီး၊ လူငယ်တွေရဲ့ ဘ၀တိုးတက်ဖို့ အတွက် ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လျက်ရှိတဲ့  အဆိုတော်နှစ်ဦးဖြစ်ပါတယ်” လို့ GLSEN စီမံခန့် ခွဲရေးဒါရိုက်တာ Dr.Eliza Byard က မိန့် ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

‘ Jessica Biel နဲ့ Justin Timberlake တို့ ဟာ LGBT အသိုင်းအ၀ိုင်းကို ထောက်ခံအားပေးသူတွေအဖြစ် အမြဲ ရှိနေခဲ့ပါတယ်’ လို့ သူမက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Dailymail