Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kanye West နဲ့ ပြန်လည် အဆင်ပြေခဲ့ပုံကို ပြောပြခဲ့တဲ့ Taylor Swift

Kanye West နဲ့ ပြန်လည် အဆင်ပြေခဲ့ပုံကို ပြောပြခဲ့တဲ့ Taylor Swift

| No comment



ကန်းထရီး အဆိုတော်မလေး Taylor Swift ဟာ ၂၀၀၉ ခုနှစ်တုန်းက MTV ရဲ့ ဗီဒီယို ဂီတ ဆုပေးပွဲမှာတုန်းက Kanye West က စင်မြင့်ပေါ်တက်လာပြီး သူမကို ရှုံ့ချပြောဆိုသွားပြီးတဲ့နောက်မှာ Kanye West နဲ့ ပိုမို ရင်းနှီးလာတာကိုတွေ့ရပါတယ်။

သူတို့ ၂ ယောက် ဟာ သူငယ်ချင်းတွေအဖြစ် ခင်မင်လာခဲ့တာလည်း နှစ်တွေတောင်ကြာလာပြီဖြစ်တဲ့အတွက် စက်တင်ဘာလ မှာထွက်ရှိမယ့် Vanity Fair မဂ္ဂဇင်း ထဲမှာ သူမနဲ့ Kaney နဲ့ ဘယ်လို သူငယ်ချင်းဖြစ်သွားတယ်ဆိုတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြထားပါတယ်။

နာမည်ကြီး ဓါတ်ပုံဆရာ Mario Testino ရိုက်ကူးပေးထားတဲ့ ဓါတ်ပုံတွေမှာတော့ Taylor ဟာ အများ မမျှော်လင့်ထားတဲ့ ဖက်ရှင် မျိုးတွေ နဲ့ ဓါတ်ပုံ အရိုက်ခံခဲ့တာကို တွေ့ရမှာပါ။

"Kanye မှာ ကျွန်မအပေါ် လေးစားတဲ့စိတ် တစ်ခုခု ရှိတယ်ဆိုတာ မသိရခင်အထိတော့ ကျွန်မ Kanye နဲ့ သူငယ်ချင်းဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ခဲ့ပါတယ်။ ပြီးတော့ သူ့အနေနဲ့လည်း ကျွန်မအေါ်လေးစားတဲ့စိတ် တစ်ခုခု မရှိမချင်းလည်း ကျွန်မနဲ့ သူငယ်ချင်းဖြစ်ဖို့ အဆင်သင့် ဖြစ်မှာ မဟုတ်သေးပါဘူး။ ဒါဟာတူညီတဲ့ အကြောင်းအရာ တစ်ခုပါ။ ကျွန်မတို့ တူညီတဲ့အချိန်တစ်ခုမှာ တူညီတဲ့ နေရာတစ်ခုကို ရောက်နိုင်ခဲ့ပါတယ်။ ကျွန်မ Jay-Z နဲ့သူငယ်ချင်းစ ဖြစ်ခဲ့တာပါ။ ကျွန်မထင်ခဲ့တာကတော့ Jay-Z အတွက် Kanye အတွက် ကျွန်မအတွက် ဒါဟာအရေးကြီးပါတယ်" လို့ ဆိုပါတယ်။

သူမတို့ ၂ ယောက်ဟာ Jay-Z ကြောင့် မကြာခဏ ဆုံဖြစ်သွားခဲ့ပြီး Kanye က Taylor ကို သူမရဲ့ ဂီတဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ချီးကျူးစကား ပြောတဲ့အချိန်ကျမှ Taylor Swift ဘက်ကလည်း Kanye ရဲ့ ကလေး အကြောင်း ပြန်မေးဖြစ်ခဲ့တယ်လို့ Taylor က ဆိုထားပါတယ်။

Taylor Swift ရဲ့ အင်တာဗျူး အပြည့်အစုံကိုတော့ စက်တင်ဘာလထုတ် Vanity Fair မဂ္ဂဇင်း မှာ ဖော်ပြထားမှာ ဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse