Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , စူပါမော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ Katy Perry

စူပါမော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်လာတဲ့ Katy Perry

| No comment



ပေါ့ပ် အဆိုတော်မလေး Katy Perry ဟာ Vogue Japan မဂ္ဂဇင်း ရဲ့ စက်တင်ဘာလထုတ် စာအုပ် ထဲမှာ သူမရဲ့ စွဲမက်ဖွယ် ကောက်ကြောင်းအလှတွေကို အသားပေးဖော်ပြထားတဲ့ ဓါတ်ပုံ အချို့ကို ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ ထို ဓါတ်ပုံတွေဟာ ဘာကိုပြသ လိုက်သလည်းဆိုတော့ Katy Perry တစ်ယောက် သီချင်းဆိုခြင်း ကို စွန့်လွှတ်ပြီး စူပါမော်ဒယ်လ် တစ်ယောက် အဖြစ်နဲ့ ရပ်တည်လာနိုင်တယ်ဆိုတာကိုပဲ ဖြစ်ပါတယ်။

Katy Perry ဟာ ရေကူး ၀တ်စုံ ၊ အားကစား ၀တ်စုံနဲ့ သိုးမွှေး ၀တ်စုံတွေအထိ ၀တ်စုံ အမျိုးမျိုးကို ၀တ်ဆင်ရိုက်ကူးခဲ့သလိုပဲ သူမရဲ့ ဓါတ်ပုံတွေထဲက အချို့ကိုလည်း သူမရဲ့ Instagram စာမျက်နှာ မှာ တင်ထားခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ သူမလဲလျောင်းပြီး ရိုက်ထားတဲ့ အလှဓါတ်ပုံတစ်ပုံကို လည်း ၃ ပိုင်းခွဲပြီး ဓါတ်ပုံ ၃ ပုံ အဖြစ် နဲ့ Instagram မှာတင်ထားပြီး Instagram စာမျက်နှာ ရဲ့ သဘောတရား အရလည်း ဓါတ်ပုံ ၃ ပုံ ကို တစ်တန်းတည်းဖော်ပြတဲ့အတွက် သူမရဲ့ စိတ်ကူးက အောင်မြင်သွားခဲ့ပြီး နှစ်သက်သဘောကျသူတွေလည်း များပြားခဲ့ပါတယ်။

သူမဟာ Carlyne Cerf de Dudzeele ရဲ့ စတိုင်လ် တွေကို ၀တ်ဆင်ခဲ့တာဖြစ်ပြီး ဓါတ်ပုံဆရာ Giampaolo Sgura ရဲ့ လက်ရာတွေပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၃၀ အရွယ် Katy Perry ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ဖက်ရှင် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Moschino ရဲ့ အမှတ်တံဆိပ် ကိုယ်စားလှယ် အဖြစ် စာချုပ်ချုပ်ခဲ့ပြီးတဲ့ Katy Perry တစ်ယောက် အခုလို လျင်မြန်စွာ ဖက်ရှင် နဲ့ မော်ဒယ်လ် လောက ထဲ ၀င်ရောက်လာတာဟာ သူမအနေနဲ့ သီချင်းဆိုခြင်းကို စွန့်လွှတ်လိုက်ဖို့ (သို့) လျော့ချ လိုက်ဖို့လည်း ဖြစ်နိုင်ပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse