Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိမ်ထောင် ၈ ကြိမ် ပြုချင်တယ်လို့ Katy Perry ဆို

အိမ်ထောင် ၈ ကြိမ် ပြုချင်တယ်လို့ Katy Perry ဆို

| No comment



ပေါ့ပ် အဆိုတော်မလေး Katy Perry ဟာ စက်တင်ဘာလထုတ် Harper's Bazaar မဂ္ဂဇင်း ရဲ့ ကာဗာ မှာ မျက်နှာဖုံးရှင် မော်ဒယ်လ် အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။

ထို မဂ္ဂဇင်းထဲမှာတော့ Katy Perry ဟာ Rosie Huntington-Whiteley ၊ Mariah Carey ၊ Dakota Johnson ၊ Jessica Chastain အပါအ၀င် အခြား အမျိုးသမီး ၈ ယောက်နဲ့အတူ ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပြီး Katy Perry က သူမရဲ့ စံပြ အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိန် မင်းသမီး Elizabeth Taylor ပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Katy ဟာ ထိုစာအုပ်ထဲမှာ Taylor ဟာ ဘာကြောင့် သူမရဲ့ စံပြပုဂ္ဂိုလ် ဖြစ်လာရတယ်ဆိုတာကို ရေးသားခဲ့ပြီး သူမဟာ Taylor ရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးစားမယ်လို့လည်း ပြောခဲ့ပါသေးတယ်။ Taylor ရဲ့ ခြေရာကိုနင်းမယ်ဆိုတာကတော့ Elizabeth Taylor ဟာ အသက်ရှင်နေစဉ်အတွင်း အိမ်ထောင် ၈ ခါ တိတိကျခဲ့ပါတယ်။ Katy က Taylor လိုပဲ အိမ်ထောင် ၈ ခါကျချင်တယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

"စံပြပုဂ္ဂိုလ်တစ်ယောက်ရဲ့ နာမည်ကြီးခဲ့တဲ့ အချိန်တွေပါ။ Liz ဟာ အရမ်းကျော်ကြားတယ် ၊ အကျင့်စာရိတ္တ တစ်ခုလည်း ရှိခဲ့ပြီး နှစ်ပေါင်းများစွာ ရပ်တည်နိုင်တဲ့ စတိုင်လ်တစ်ခုလည်း ရှိခဲ့ပါတယ်။ ကျွန်မဟာ သူမလိုပဲ အကြိမ်ပေါင်းများစွာ လက်ထပ်ဖို့သေချာပါတယ်" လို့ Katy Perry က ဆိုလိုက်ပါတယ်။

ထို မဂ္ဂဇင်းအတွက် လိုအပ်တဲ့ ဓါတ်ပုံတွေကိုတော့ ကမ္ဘာကျော် ဓါတ်ပုံဆရာ Jean-Paul Goude နဲ့ စတိုင်လ် ပညာရှင် Carine Roitfeld တို့က ဖန်တီးစီစဉ်ခဲ့ကြပြီး တင်ဆက်မှုတွေကိုတော့ လက်ရှိ နာမည်ကြီးနေတဲ့ အနုပညာရှင်တွေကို ကွယ်လွန်ပြီးတဲ့ စံပြ အနုပညာရှင်တွေအသွင်မျိုး ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Katy Perry က Elizabeth Taylor အဖြစ် ၊ Mariah Carey က Marie Antoinette အဖြစ် ၊ Johnson က Aphrodite အဖြစ် ၊ Huntington-Whiteley က Diana Vreeland အဖြစ် ၊ Oprah က Glinda the Good Witch အဖြစ် ၊ Chastain က Joan of Arc အဖြစ် ၊ Lucky Blue က Liberace အဖြစ် ၊ Willow Smith က Hindu နတ်ဘုရားမ Kali အဖြစ် ၊ တရုတ် ပေါ့ပ် အဆိုတော် Chris Lee က Coco Chanel အဖြစ် အသီးသီး ပြောင်းလဲ ပုံဖော်တင်ဆက်ထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse