Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၀တ်လစ်စလစ် ဓါတ်ပုံတစ်ပုံ နဲ့ ကောလာဟလ တွေကို ဖြေရှင်းလိုက်တဲ့ Kim Kardashian

ဝတ်လစ်စလစ် ဓါတ်ပုံတစ်ပုံ နဲ့ ကောလာဟလ တွေကို ဖြေရှင်းလိုက်တဲ့ Kim Kardashian

| No comment



လက်ရှိ ဟောလီးဝုဒ်မှာ အကျော်ကြားဆုံးစာရင်းဝင်နေတဲ့ ဖြစ်ရပ်မှန်ကြယ်ပွင့် Kim Kardashian ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Kanye West နဲ့အတူ ဒုတိယ ရင်သွေးလေးကို ရယူဖို့ ကြိုးစားနေပါတယ်။

Kim K ဟာ နာမည်ကြီး တစ်ယောက်ဖြစ်လာကတည်းက သူမရဲ့ ခန္ဓာကိုယ် ၊ သူမရဲ့ အမူအကျင့်တွေနဲ့ သူမရဲ့ မိဘအသွင် အုပ်ထိန်းမှု ပုံစံတွေဟာ အမျိုးမျိုးဝေဖန် ခံခဲ့ရပါတယ်။ သူမဟာ များသောအားဖြင့် သူမအပေါ်ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုလေ့မရှိပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ သူမရဲ့ ကိုယ်ဝန်ဆောင်နေတာ မဟုတ်ဘူးဆိုတဲ့ ကောလာဟာလ တွေကိုတော့ သူမ မခံနိုင်ခဲ့ပါတယ်။

သူမဟာ သူမရဲ့ ဗိုက် အနေအထားကို ဓါတ်ပုံ တစ်ခါမှ မရိုက်ဖူးခဲ့တဲ့ အတွက် ဝေဖန်သူတစ်ချို့က သူမကို အငှားကိုယ်ဝန်ဆောင်ဖို ကြိုးစားနေတာဖြစ်မယ်လို့လည်း ဝေဖန်ပြောဆိုနေကြပါတယ်။ ဒါပေမယ့်လည်း Twitter မှာတင်လိုက်တဲ့ ဓါတ်ပုံ ၁ ပုံ ကြောင့် Kim K ဟာ ဝေဖန်မှု အားလုံးကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

သူမဟာ သူမရဲ့ တစ်ကိုယ်လုံးဖော်ပြထားတဲ့ ၀တ်လစ်စလစ် ဓါတ်ပုံကို Twitter မှာတင်ပြီး ကောလာဟလ တွေကို အဆုံးသတ်လိုက်နိုင်ပါတယ်။ ဓါတ်ပုံထဲမှာလည်း သူမ ကိုယ်ဝန်ဆောင်နေတယ်ဆိုတာ သိသာစွာဖော်ပြထားပါတယ်။

Kim Kardashian ဟာ ရည်းစားမရှိခင် အရင်တုန်းကတော့ အရာရာကို အင်တာနက်မှာ Post လုပ်လေ့ရှိပေမယ့်လည်း Kanye West နဲ့ တွေ့ပြီးနောက်မှာတော့ သူမ ဟာ အရာရာ ကို လျှို့ဝှက်ထားတတ်လာပြီး သီးသန့်နေ တတ်လာတယ်လို့လည်း သိရပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse