Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပြင်သစ်မဂ္ဂဇင်းနဲ့ အမှုအခင်းမှာ Leonardo DiCaprio အနိုင်ရ

ပြင်သစ်မဂ္ဂဇင်းနဲ့ အမှုအခင်းမှာ Leonardo DiCaprio အနိုင်ရ

| No comment



Rihanna တစ်ယောက် Leonardo DiCaprio ရဲ့ ရင်သွေးလေးလွယ်ထားနေရပြီလို့ ပြင်သစ်မဂ္ဂဇင်း Oops! က ဖော်ပြခဲ့မှု အပေါ် Leonardo ရဲ့ တရားစွဲဆိုမှုဟာ အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်မဂ္ဂဇင်း တစ်စောင်ရဲ့ မေလ ၁၃ ရက်နေ့ မျက်နှာဖုံးသတင်းမှာ Rihanna ဟာ Leonardo ရဲ့ ကိုယ်ဝန်လွယ်ထားရပြီး Leo ကတော့ ကလေးကို မလိုချင်ဘူးလို့ ဖော်ပြထားမှုအပေါ် Leonardo တစ်ယောက် ဒေါသပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ ဒီနှစ်အစောပိုင်းက အတူတွဲခုတ်ခဲ့ဖူးပါတယ်။
Gossip Cop ဟောလီးဝုဒ်သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားချက်အရ Leo ဟာ အဆိုပါ မဂ္ဂဇင်းကို တရားစွဲဆိုခဲ့ရာမှာ အနိုင်ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ နစ်နာကြေး နဲ့ တရားရုံးစရိတ် ဒေါ်လာ ၈၈၀၀ ကို မဂ္ဂဇင်းက ပေးဆောင်ဖို့ အမိန့် ချခဲ့တယ်လို့ ဆိုပါတယ်။

မဂ္ဂဇင်းတိုက်ပိုင်ရှင် Frederic Truskolaski က Rihanna တစ်ယောက် ကိုယ်ဝန်လွယ် ထားရလားဆိုတာ သူတို့ မသိခဲ့ဘူးလို့ ဆိုပါတယ်။

“ သူမ ကိုယ်ဝန်ရှိနိုင်လောက်တယ်လို့ ကျွန်တော်တို့ ထင်ခဲ့ကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တိတိကျကျမသိခဲ့ပါဘူး” လို့ ဝန်ခံခဲ့ပါတယ်။

Leonard ဟာ ပထမက ရှေ့ နေစရိတ်အပါအပင် ပြင်သစ်နိုင်ငံ ဥပဒေရဲ့ အများဆုံး သတ်မှတ်ထားတဲ့ နစ်နာကြေးပမာဏဖြစ်တဲ့ ယူရို ၁၈၀၀၀ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror