Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စားသောက်ဆိုင်ထဲကနေ ဘေလ်မရှင်းပဲ ထပြန်လာခဲ့တဲ့ Lindsay Lohan

စားသောက်ဆိုင်ထဲကနေ ဘေလ်မရှင်းပဲ ထပြန်လာခဲ့တဲ့ Lindsay Lohan

| No comment



ဟောလီးဝုဒ် မင်းသမီး Lindsay Lohan ဟာ သူငယ်ချင်း တစ်ဖွဲ့ကို ဈေးကြီးတဲ့ ပင်လယ်စာ ညစာ ကို ဖိတ်ကျွေးခဲ့ပြီးတဲ့နောက် ဘေလ် မရှင်းပဲ စားသောက်ဆိုင်ထဲကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အသင် ၂၉ နှစ်အရွယ် Lindsay Lohan ဟာ ဂရိနိုင်ငံ ၊ Myknos မြို့မှာ ညစာလာစားခဲ့ပြီး ကျသင့်ငွေ ကို မပေးခဲ့ဘူးလို့ ဆိုင် တာဝန်ရှိသူတွေက အခိုင်အမာ ဆိုလိုက်ပါတယ်။

Life & Style မဂ္ဂဇင်း ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Radar Online သတင်းဌာန က တင်ပြခဲ့တာကတော့ "သူမဟာ သူငယ်ချင်း ၁၀ ယောက်ကို ညစာ ဖိတ်ကျွေးခဲ့ပါတယ်။ ပြီးတော့ ဂဏန်းတို့ ၊ ပုဇွန်တို့လို ဈေးအကြီးဆုံး ဟင်းလျာတွေကိုပဲ Menu ထဲက ရွေးမှာ ခဲ့ပါတယ်" လို့ ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။

"Lindsay အပါအ၀င် အားလုံးက ဘေလ် မရှင်းပဲ ထထွက်လာပြီး လမ်းခွဲခဲ့ကြပါတယ်။ Lindsay က သူမရဲ့ သူငယ်ချင်းတွေကို ဘေလ်နဲ့ ပတ်သက်ပြီး စိတ်မပူ ဖို့ ပြောခဲ့ပါတယ်။" လို့ ထို မျက်မြင်သက်သေက ဆိုပါတယ်။ စားသောက်ဆိုင်ကတော့ Lindsay Lohan နဲ့ သူငယ်ချင်းတွေစားသုံးသွားတဲ့ ညစာ ရဲ့ တန်ဖိုး ဒေါ်လာ ၁၃၀၀ ကို တောင်းဖို့ အတွက် ကမ္ဘာကျော် မင်းသမီးကို ၃ ရက်လောက်ရှာဖွေလိုက်ရတယ်လို့ သိရပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ ထို ကျသင့်ငွေ ကို Lindsay Lohan ရဲ့ သူငယ်ချင်းတစ်ယောက်က ပေးချေလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ Lindsay Lohan ဟာ သူမရဲ့ အသက် ၂၉ နှစ်ပြည့်မွေးနေ့ပွဲကိုလည်း ပြီးခဲ့တဲ့ အပတ် က တိတ်တဆိတ် ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာလည်း သူမဟာ သတင်းမကြားပဲ ပျောက်နေခဲ့ပါသေးတယ်။

သူမဟာ ၂၀၁၂ ခုနှစ်တုန်းက ကျူးလွန်ခဲ့တဲ့ စည်းကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှု အတွက်လည်း ပြစ်ဒဏ် အဖြစ် ၁၂၅ နာရီ ကြာ လူမှုရေးဝန်ဆောင်မှု လုပ်ငန်းတွေကို မေလ မှာ ပြီးစီးသွားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse