Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Lindsay Lohan ကို ယခင်ယာဉ်မောင်းဖြစ်သူ တရားစွဲဆို

Lindsay Lohan ကို ယခင်ယာဉ်မောင်းဖြစ်သူ တရားစွဲဆို

| No comment



Lindsay Lohan ရဲ့ ယခင်ယာဉ်မောင်းဟာ ရစရာငွေ ၂၇၈၃၉ ဒေါ်လာကို Lindsay Lohan မပေးချေမှုကြောင့် တရားစွဲဆိုခဲ့ပါတယ်။

Edson Ricci ဆိုသူ အမျိုးသားဟာ ၂၀၁၂ ခုနှစ်တုန်းက သူ့ ရဲ့သယ်ယူပို့ ဆောင်ပေးမှု ၀န်ဆောင်ခ ဒေါ်လာ ၂၆၄၀၀ ကို Mean Girls ဇာတ်ကားသရုပ်ဆောင်မင်းသမီး Lindsay Lohan က မပေးချေခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် Lindsay အတွက် ဟိုတယ်ဘေလ်  ၁၄၃၉.၁၈ ဒေါ်လာကိုလည်း သူစိုက်ပေးခဲ့ ရတယ်လို့ စွပ်စွဲလိုက်ပါတယ်။ Lindsay Lohan ဟာ အဆိုပါယာဉ်မောင်းကို ၂၀၁၂ခုနှစ် သြဂတ်စ်လကနေ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အထိ အသုံးပြုခဲ့ပါတယ်။

LiLo ဟာ အဆိုပါ အချိန်ကာလမှာ တခြားပြဿနာတွေနဲ့ စွပ်စွဲမှုတွေ အများအပြားကြုံတွေ့ ခဲ့ရပါတယ်။ Los Angeles က Chateau Marmont ဟိုတယ်မှာ လည်း ဘေလ် ဒေါ်လာ ၄၅၃၅၀.၀၄ မပေးချေမှုကြောင့် စွပ်စွဲမှုခံခဲ့ရသလို လမ်းသွား လမ်းလာတစ်ယောက်ရဲ့ ဒူးခေါင်းနေရာကို ကားနဲ့ မတော်တဆ၀င်တိုက်ပြီး အခင်းဖြစ်ရာနေရာက ရှောင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရဖူးပါတယ်။

LiLo တစ်ယောက် သူမရဲ့ဘ၀အဖြစ်အပျက်တွေကို ဘာတစ်ခုမှမချန်ထားဘဲ ကိုယ်တိုင်ရေးအတ္ထုပတ္ထိ တစ်အုပ်ရေးဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီး နောက်မှာ ဒရိုင်ဘာရဲ့တရားစွဲဆိုမှု ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Mirror