Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အငှားကိုယ်ဝန်ဆောင်စေပြီး ပထမဆုံး ကလေး ကို ရယူခဲ့တဲ့ Lucy Liu

အငှားကိုယ်ဝန်ဆောင်စေပြီး ပထမဆုံး ကလေး ကို ရယူခဲ့တဲ့ Lucy Liu

| No comment



အမေရိကန် ပြည်ထောင်စု ၊ နယူးယော့ခ် မြို့မှာ မွေးဖွားခဲ့ပြီး တရုတ် သွေးပါတဲ့ မင်းသမီးလေး Lucy Liu ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ သူမရဲက ပထမဆုံး ကလေး ကို Instagram မှာ ဓါတ်ပုံ တစ်ပုံ တင်ရင်းနဲ့ မိတ်ဆက်ပြသခဲ့ပါတယ်။ ဒါပေမယ့် ထိုကလေးဟာ Lucy Liu ကိုယ်တိုင် ကိုယ်ဝန်ဆောင်မွေးဖွားခဲ့တာ မဟုတ်ပဲ အငှား ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Charlie's Angels ဇာတ်လမ်း ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Lucy Liu ဟာ သူမရဲ့ မွေးကင်းစ ကလေးကို ပွေ့ချီထားတဲ့ ဓါတ်ပုံတစ်ပုံကို " ငါ့ရဲ့သား Rockwell Lloyd Liu ၊ ငါ့ဘ၀ရဲ့ ကလေးငယ် အသစ် လေးကို မိတ်ဆက်ပေးခြင်း " ဆိုတဲ့ စာသားနဲ့ အတူ တင်ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Lucy Liu ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကလည်း "ငါ့အနေနဲ့ Lucy ဟာ Rockwell Lloyd Liu ကို အငှားကိုယ်ဝန်ဆောင်ခြင်းကနေ တစ်ဆင့် ကမ္ဘာလောကထဲ သယ်ဆောင်လာခဲ့တဲ့ မိခင်အဖြစ် ဂုဏ်ယူနေတယ်ဆိုတာကို ငါအတည်ပြုပေးနိုင်ပါတယ်" လို့ US Weekly သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

Liu ဟာ သူမရဲ့ ပုဂ္ဂိုလ်ရေးရာ ဘ၀ ကို လျှို့ဝှက်စွာပဲ နေထိုင်တတ်သူဖြစ်ပါတယ်။ ဒီသတင်းကတော့ သူမရဲ့ ပရိတ်သတ်တွေအတွက် အံ့အားသင့်စေခဲ့ရပါတယ်။ လောလောဆယ်မှာ သူမ ဟာ ထိုကလေး ရဲ့ ဖခင် အမည် ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒီနှစ်ပိုင်းတွေမှာတော့ သူမဟာ ဘီလျံနာ တစ်ယောက် ဖြစ်တဲ့ Noam Gottesman နဲ့ တွဲသွားတွဲလာ ရှိနေခဲ့ပါတယ်။

၁၉၉၁ ခုနှစ်တုန်းကတော့ သူမဟာ သူမရဲ့ ရင်သားအတွင်းက နူးညံ့တဲ့ အစိုင်အခဲတစ်ခုကို ခွဲစိတ်မှု ပြုလုပ်ပြီး ထုတ်ဖယ် ကုသခဲ့ရဖူးတယ်လို့တော့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse