Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခွဲစိတ်ကုသမှု ပြုလုပ်ပြီး အဆီချရန် စီစဉ်နေတဲ့ Mariah Carey

ခွဲစိတ်ကုသမှု ပြုလုပ်ပြီး အဆီချရန် စီစဉ်နေတဲ့ Mariah Carey

| No comment



ပေါ့ပ် နဲ့ R&B အဆိုတော် တစ်ယောက်ဖြစ်တဲ့ Mariah Carey ဟာ ချစ်သူ ဘီလျံနာ James Packer နဲ့ တွဲခဲ့ပြီးတဲ့နောက်မှာ ကိုယ်အလေးချိန်တွေ တိုးလာခဲ့တဲ့အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ပြီး အဆီချသွားရန် စီစဉ်နေတယ်လို့ သိရပါတယ်။ သူမတို့ စုံတွဲဟာ အဆီတက်စေတဲ့ အစားအစာတွေ ဘယ်လောက်ထိ ကြိုက်တယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။

အတွင်းလူတစ်ယောက်က Star မဂ္ဂဇင်း ကို ပြောပြခဲ့တာကတော့ -

"သူမနဲ့ James နဲ့ဟာ အစားအစာ တွေ ခုံမင်ကြပါတယ်။Pasta ကို Truffles နဲ့ ထောပတ် ကိတ်တွေကို အရမ်းကြိုက်ကြပါတယ်။"

ပြီးခဲ့တဲ့ နှစ် အနည်းငယ်တုန်းကတော့ Mariah Carey ဟာ ကိုယ်အလေးချိန်တိုးလာတဲ့အတွက် Spanx အ၀တ်အစားတွေဝတ်ပြီး သူမရဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ကာ Photoshop အကူအညီနဲ့ သူမရဲ့နောက်ဆုံး အယ်လ်ဘမ် #1 to Infinity ရဲ့ ကာဗာမှာဖော်ပြထားတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ပုံစံ မျိုး ဖြစ်အောင် လုပ်ယူခဲ့ဖူးပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၁ ခုနှစ်မှာ ခွဲစိတ်ကုသမှု နဲ့ အဆီချပြီး ၇၅ ပေါင် ကိုယ်အလေးချိန်လျော့ကျသွားခဲ့ဖူးတဲ့ James က Mariah ကို အကြံပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုခွဲစိတ်ကုသမှုဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို သေးငယ်စေခြင်းနဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးတဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ထို ခွဲစိတ်ကုသမှု အတွက် ကုန်ကျစရိတ်ကိုလည်း သြစတြေးလျ ဘီလျံနာကြီး James က ပဲ တာဝန်ယူ ပေးချေသွားမယ်လို့လည်း သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် ဖြစ်တဲ့ Brett Ratner က သူတို့ စုံတွဲကို မိတ်ဆက်ပေးခဲ့ပြီး ဆုံဆည်းစေခဲ့တာပဲ ဖြစ်ပါတယ်။ James Packer ဟာ Ratner ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း တွဲဖက် ပိုင်ဆိုင်သူဖြစ်သလို သြစတြေးချမှာလည်း စတုထ္ထမြောက် အချမ်းသာ ဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ သူဟာ ဟိုတယ်ပေါင်းမြောက်များစွာနဲ့ လောင်းကစားရုံမြောက်များစွာကိုလည်း ပိုင်ဆိုင်ပြီး ဒေါ်လာ ၄.၆ ဘီလီယံ ခန့်ထိ ချမ်းသာ ကြွယ်ဝ ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse