Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ Megan Fox နဲ့ Brian Austin Green တို့ လမ်းခွဲခဲ့ကြ

ချစ်သူသက်တမ်း ၁၁ နှစ်အကြာမှာ Megan Fox နဲ့ Brian Austin Green တို့ လမ်းခွဲခဲ့ကြ

| No comment




၂၀၀၄ ခုနှစ်က စတင်တွဲခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ Megan Fox နဲ့ Brian Austin Green တို့ စုံတွဲဟာ လွန်ခဲ့တဲ့ ခြောက်လကတည်းက လက်တွဲဖြုတ်ခဲ့ပြီး ဖြစ်တယ်လို့ ခိုင်မာတဲ့သတင်းရစ်မြစ် တစ်ခုက Us Weekly သတင်းစာကို ဖွင့်ဟ ခဲ့ပါတယ်။

ရုပ်သံဇာတ်လမ်းတွဲ Hope & Faith ရိုက်ကွင်းမှာ စတင်တွေ့ ဆုံခဲ့ကြတဲ့ သရုပ်ဆောင်စုံတွဲရဲ့ အိမ်ထောင်ရေးဟာအဆင်မပြေဖြစ်ခဲ့တာကြောင့် ဖြစ်တယ်လို့ အတွင်းလူတစ်ယောက်က ပြောပြခဲ့ပါတယ်။

သူတို့ နှစ်ယောက်ဟာ အိမ်ထောင်ဘက်တွေမဟုတ်ကြတော့ပေမယ့် သားလေးနှစ်ယောက်အတွက်  Megan နဲ့ Brian တို့ ဟာ အခင်အမင်မပျက်ဆက်ရှိ နေကြတယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်မှာ အသက် ၂ နှစ်အရွယ် Noah Green နဲ့ ၁၈ လသားအရွယ် Bodhi Green အမည်ရ သားနှစ်ယောက်ရှိပါတယ်။

“ Megan ရဲ့ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီး သူတို့ စကားများခဲ့ကြတယ်” လို့ အဆိုပါ သတင်းပေးသူက US Weekly ကို ပြောကြားခဲ့ပါတယ်။

Megan ဟာ Teenage Mutant Ninja Turtles 2 ရိုက်ကူးရေးအတွက် နယူးယော့ခ် မြို့ မှာ နွေရာသီကို ကုန်ဆုံးခဲ့ပြီး Brian ဟာ သရုပ်ဆောင်အလုပ်ထက် မိသားစုအပေါ် Megan အာရုံစိုက်တာကို ပိုလိုချင်ခဲ့တာကြောင့် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : eonline