Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , သက်သက်လွတ်စားတဲ့ ၀တ်လစ်စလစ် အနုပညာသည်တစ်ယောက် လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့ Miley Cyrus

သက်သက်လွတ်စားတဲ့ ၀တ်လစ်စလစ် အနုပညာသည်တစ်ယောက် လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့ Miley Cyrus

| No comment



Miley Cyrus ဟာ ဒီနှစ်ရဲ့ MTV ဗီဒီယို ဂီတဆုပေးပွဲမှာ Host အဖြစ် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် Jimmy Kimmel ရဲ့ late-night talk show မှာ အင်တာဗျူးလုပ်ပြီး ပရိုးမိုးရှင်း ပြုလုပ်ခဲ့ပြန်ပါတယ်။

သူမဟာ အပေါ်ပိုင်းဗလာ နဲ့ အသည်းပုံ ပုံစံ အဖုံးအကား လေး တွေကို သူမရဲ့ ရင်သားထိပ် တွေမှာ ၀တ်ဆင်ကာ ကြယ်သီး တပ်လို့ မရတဲ့ ဂျာကင် ကို ၀တ်ဆင်ပြီး တီဗွီ အစီအစဉ်မှာ အင်တာဗျူးလာရောက် ဖြေဆိုခဲ့ပါတယ်။

"ကျွန်မ နည်းနည်းချမ်းတယ်။ ကျွန်မ ရှပ်အင်္ကျီတစ်ထည် ၀တ်လာခဲ့သင့်တာ" လို့ အသက် ၂၂ နှစ်အရွယ် အဆိုတော်မလေး Miley Cyrus က အင်တာဗျူးဖြေဖို့ ထိုင်လိုက်တာနဲ့ စပြောလိုက်ပါတယ်။ အဲဒီကစပြီး အင်တာဗျူး မေးခွန်းတွေ ဟာ Miley Cyrus ရဲ့ ၀တ်စုံအတွက် ဦးတည်သွားခဲ့ပါတယ်။ ပထမဆုံး Jimmy Kimmel က Miley Cyrus ရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံ တွေ ဝေမျှနေမှု နဲ့ ပတ်သက်ပြီး သူမရဲ့ ဖခင်ဖြစ်သူ Billy Ray Cyrus အနေနဲ့ ဘယ်လို အခြေအနေရှိလဲလို့ မေးခဲ့ပါတယ်။

"ကျွန်မ အဖေက အဆင်ပြေပါတယ်။ ဒါပေမယ့် သူလည်း ကျွန်မရင်သား တွေ အချိန်တိုင်းဖော်ပြနေတာကိုတော့ သဘောမကျဘူးဆိုတာသေချာပါတယ်။ ဒါပေမယ့်လည်း ကျွန်မက ရင်သားတွေ ဖော်ပြထားပေမယ့် လူကောင်းတစ်ယောက်ပါ။ ရှပ်အကျီင်္ဝတ်ထားပြီး ပြည့်တန်ဆာမတွေလို ဖြစ်နေတာ ထက်တော့သာပါတယ်" လို့ Miley Cyrus က ပြန်လည် ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် Miley Cyrus က "ကျွန်မဟာ အရမ်းကို သဘာဝပတ်ဝန်းကျင် နဲ့ လျော်ညီပါတယ်။ ကျွန်မဟာ သက်သက်လွတ်စားတဲ့ ၀တ်လစ်စလစ် အနုပညာသည်တစ်ယောက်ပါ" လို့လည်း ဆိုခဲ့ပါသေးတယ်။

၂၀၁၅ ခုနှစ် အတွက် MTV ဗီဒီယို ဂီတ ဆုပေးပွဲဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse