Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Nicki Minaj ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလ တွေထွက်ပေါ်နေ

Nicki Minaj ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလ တွေထွက်ပေါ်နေ

| No comment



ရပ်အဆိုတော်မလေး Nicki Minaj တစ်ယောက် ကိုယ်ဝန်ရှိနေပြီလား?

TMZ သတင်းဖော်ပြချက်တွေအရ Pennsylvania ပြည်နယ် အတွင်းမှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ Nicki Minaj က သူမရဲ့လက်ရှိတွဲနေတဲ့ချစ်သူ ရပ်ပါ Meek Mill ကို သူမရဲ့ "ကလေးအဖေ" လို့ သတ်မှတ်ကာ သီချင်းတွဲဆိုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

စင်အောက်မှာ အားပေးနေကြတဲ့ ပရိတ်သတ်တွေကတော့ အားလုံးအံ့အားသင့်သွားရပါတယ်။ Nicki Minaj ဟာ ဘာကြောင့် Meek Mill ကို သူမရဲ့ ကလေးအဖေ လို့ ခေါ်ရတာပါလဲ။ သူတို့ ၂ ယောက်ဟာ ကလေး ရယူဖို့ ကြိုးစားနေကြတာလည်း ဖြစ်နိုင်ပါတယ်။

Nicki Minaj မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ကောလာဟလ သတင်းဟာ အင်တာနက် ပေါ်မှာတော့ အတော်လေး ရေပန်းစားခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်တွေကနေ တစ်ဆင့် ဒီသတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စောင့်မျှော်နေကြပါတယ်။

Nicki Minaj ရဲ့ ချစ်သူ Meek Mill ဟာ မကြာသေးခင်ကလည်း Nicki Minaj ရဲ့ ရည်းစားဟောင်းဖြစ်သူ Drake နဲ့ ရပ်သီချင်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်ရင်း Beef တွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့ ၂ ယောက်ရဲ့ ရန်ပွဲဟာလည်း Nicki Minaj နဲ့ ပတ်သက်ပြီး စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ Nicki Minaj နဲ့ အသက် ၂၈ နှစ်အရွယ် Meek Mill တို့ဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လ မှာကတည်းက စတင်တွဲခဲ့ကြတာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse