Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Paul Walker ရဲ့ ညီဖြစ်သူ Cody တစ်ယောက် Felicia Knox နဲ့ လက်ထပ်ခဲ့

Paul Walker ရဲ့ ညီဖြစ်သူ Cody တစ်ယောက် Felicia Knox နဲ့ လက်ထပ်ခဲ့

| No comment



ဒီတပတ်အကုန်က Cody Walker ဟာ သတို့သမီးလောင်း Felicia Knox နဲ့ Oregon မှာ လက်ထပ်ခဲ့ပါတယ်။

စနေနေ့က အသက် ၂၇ နှစ်ရှိသူ မင်းသားဟာ သူနဲ့အကြာကြီးတွဲခဲ့ကြတဲ့ ချစ်သူနဲ့ Ore က Gold Beach မှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ Walker ကဒီသတင်းကို Twitter မှာ “ ဒီနေ့ကတော့ ကျွန်တော် လက်ထပ်မယ့်နေ့ပါပဲ ပရိသတ်ကြီးရေ! #walkerdowntheaisle #luckyman” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီစုံတွဲဟာ သူတို့ရဲ့ ၇နှစ်မြောက်ချစ်သူသက်တမ်း နှစ်ပတ်လည်းကို ဒီလထဲမှာပဲ ကျင်းပခဲ့ပြီး Instagram မှာလည်း တင်ထားခဲ့ပါသေးတယ်။ Knox ကလည်း မင်္ဂလာပွဲနေ့မှာ ကမ်းခြေတစ်လျှောက်ကြည့်နေတဲ့ သူ့ပုံနဲ့ သူ့ရဲ့ လက်ထပ်ပွဲပါတီ လျပ်တပြက်ရိုက်ချက်ကိုလည်း တင်ထားခဲ့ပါတယ်။

Walker ဟာ ၂၀၁၃ နိုဝင်ဘာလက ကားမတော်တဆမှုနဲ့ အသက် ၄၂နှစ်မှာ ဆုံးပါးသွားတဲ့ Furious 7 စတား Paul Walker ရဲ့အငယ်ဆုံးညီဖြစ်ပါတယ်။ သူဟာ သူ့အကိုရဲ့ ကျန်ရှိတဲ့ ဇာတ်ဝင်ခန်းတွေကို ပါဝင်ရိုက်ကူးပေးခဲ့ပါတယ်။ ပြီးတော့ Nicolas Cage နဲ့ ရိုက်ကူးမယ့် Indianapolis: Men of Courage မှာလည်း တွဲဖက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi