Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , သမီးလေးရဲ့နာမည်ကို Paul Walker နာမည်အတိုင်းပေးခဲ့တဲ့ Vin Diesel

သမီးလေးရဲ့နာမည်ကို Paul Walker နာမည်အတိုင်းပေးခဲ့တဲ့ Vin Diesel

| No comment



အက်ရှင်မင်းသားကြီး Vin Diesel ဟာ သူနဲ့သူ့ရဲ့ သမီးလေး နဲ့ တွဲရိုက်ထားတဲ့ ချစ်စရာ ဓါတ်ပုံတစ်ပုံ ကို တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေထံ ဝေမျှလိုက်ပါတယ်။ ပိုပြီးချစ်စရာ ကောင်းခဲ့တာက Vin Diesel ဟာ သူ့ရဲ့ သူငယ်ချင်း လည်းဖြစ်ပြီး Fast & Furious ဇာတ်လမ်းတွေ ရဲ့ တွဲဖက်သရုပ်ဆောင်လည်း ဖြစ်သူ Paul Waker ရဲ့ နာမည်အတိုင်းပဲ သူ့ရဲ့ သမီးလေးကို နာမည်ပေးထားတာပဲ ဖြစ်ပါတယ်။

Vin Diesel ဟာ သူ့ရဲ့ နှစ်ရှည်လများ တွဲလာတဲ့ လက်တွဲဖော် Paloma Jimenez နဲ့အတူ မတ်လက သမီးလေးတစ်ယောက် ကို မွေးဖွားခဲ့ကြပြီး သူ့ရဲ့ သမီးလေးရဲ့နာမည်ကိုတော့ Paulie Sinclair လို့ ပေးခဲ့တယ်လို့ သိရပါတယ်။

သူ ဝေမျှထားတဲ့ ဓါတ်ပုံမှာလည်း Vin Diesel က Paulie လေးရဲ့ ဗိုက်ကိုနမ်းနေတဲ့ပုံဖြစ်ပြီး Paulie လေးကလည်း Vin Diesel ရဲ့ နဖူးကို ပြန်ပြီး အနမ်းပေးဖို့ ကြိုးစားနေတဲ့ ချစ်စရာ ဓါတ်ပုံလေးပဲ ဖြစ်ပါတယ်။ "All Love" လို့သူက ဓါတ်ပုံကို အမည်ပေးထားပါသေးတယ်။

Vin Diesel က အရင်တစ်ကြိမ်တုန်းကလည်း ပြောခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့ သမီးလေးကို မွေးဖွားနေတဲ့အချိန်တုန်းက မီးဖွားခန်းထဲမှာ Paul Walker ရဲ့ ကိုယ်သင်းရနံ့ကို သူခံစားမိခဲ့တယ် ဆိုတာပါပဲ။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror