Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , ရုပ်ရည်ချောမောတဲ့ ချစ်သူ ကောင်လေး တစ်ယောက်နဲ့ တွဲနေတဲ့ Sandra Bullock

ရုပ်ရည်ချောမောတဲ့ ချစ်သူ ကောင်လေး တစ်ယောက်နဲ့ တွဲနေတဲ့ Sandra Bullock

| No comment



ဟောလီးဝုဒ် မင်းသမီး Sandra Bullock ဟာ သူမရဲ့ဘ၀ အတွက် လက်တွဲဖော် အသစ်ရှာတွေ့နေပြီလို့ သိရပါတယ်။ အသက် ၅၁ နှစ် ရှိနေပြီဖြစ်တဲ့ Sandra Bullock ဟာ သြဂုတ်လ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Jennifer Aniston ရဲ့ မင်္ဂလာဆောင်ကို သူမရဲ့ ချစ်သူ အသစ်နဲ့ အတူတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Sandra Bullock နဲ့ရင်းနှီးသူ တစ်ဦးကတော့ Sandra ရဲ့ ချစ်သူဟာ တစ်ကယ့်ကို ရုပ်ရည်ချောမော တဲ့ ဓါတ်ပုံဆရာ တစ်ယောက်ဖြစ်တယ်လို့ US မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ အချို့ကလည်း သူ့ကို "ဆွဲဆောင်မှုရှိတယ်" ၊ "အရမ်းလန်းရုံတင်မကပဲအရမ်းလည်းရိုးရှင်းတယ်" စသဖြင့် တင်စား သတ်မှတ်ထားကြပါတယ်။

Sandra Bullock ဟာ သူမရဲ့ ချစ်သူအသစ်ကြောင့် အရမ်းကို ပျော်ရွှင်နေရပြီး အိမ်နောက်ဖေး ခြံဝန်းထဲမှာ ကျင်းပခဲ့တဲ့ Jennifer Aniston တို့ရဲ့ မင်္ဂလာဆောင်မှာလည်း သူမတို့စုံတွဲ ဟာ အရမ်းကို လိုက်ဖက်ညီခဲ့ကြတယ်လို့ သိရပါတယ်။

Sandra Bullock ဟာ အရင်တုန်းကလည်း Matthew McConaughey ၊ Ryan Gosling စတဲ့ မင်းသားတွေနဲ့ တွဲခဲ့ဖူးပါတယ်။ သူမဟာ မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးသမား Jesse James နဲ့ လက်ထပ်ခဲ့ပေမယ့်လည်း သူမရဲ့ ခင်ပွန်းဘက်က သစ္စာမရှိဘူးဆိုတဲ့ သတင်းတွေနဲ့အတူ ၂၀၁၀ ခုနှစ်မှာ သူမတို့ စုံတွဲဟာ ကွာရှင်းခဲ့ကြပါတယ်။

Sandra မှာ ၅ နှစ်အရွယ်သား တစ်ယောက်လည်း ရှိပြီး သူ့နာမည်ကိုတော့ Louis လို့ပေးထားပါတယ်။ ရင်းနှီးသူတွေရဲ့ ပြောကြားချက်အရတော့ Sandra Bullock ဟာ သူမရဲ့ သားနဲ့အတူ ပြတိုက်သွားလိုက် ၊ တိရိစ္ဆာန်ရုံ သွားလိုက်နဲ့ အချိန်ကုန်နေပြီး သူမရဲ့သားကိုလည်း အတွေ့အကြုံတွေအားလုံး ရသွားစေချင်နေတယ်လို့ သိရပါတယ်။

Bullock ဟာ လက်ရှိမှာတော့ Minions ကာတွန်းကားထဲမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse