Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အခွေအသစ် ‘Storyteller’ နဲ့ သီချင်းအသစ်တစ်ပုဒ်ကို ကြေငြာလိုက်တဲ့ Carrie Underwood

အခွေအသစ် ‘Storyteller’ နဲ့ သီချင်းအသစ်တစ်ပုဒ်ကို ကြေငြာလိုက်တဲ့ Carrie Underwood

| No comment



တစ်ကမ္ဘာလုံးက ကန်းထရီးဂီတရေဒီယိုလိုင်းတွေ ဟာ မမျှော်လင့်ထားတဲ့ အံ့အား သင့်စရာကြေငြာချက်တစ်ခုကို ၂၀ ရက်နေ့ က ရရှိလိုက်ပါတယ်။

Carrie Underwood ဟာ ပူးတွဲအနုပညာရှင် Hillary Lindsey ၊ Chris DeStefano တို့ နဲ့ အတူ စည်းချက်မြန် ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Smoke Break’ ကို Facebook က တဆင့် ကြေငြာလိုက်ပါတယ်။ ဒီသီချင်းဟာ ဖိစီးမှုတွေများတဲ့ဘ၀ကြီးထဲက ရုန်းထွက်တဲ့ အကြောင်း စာသားတွေပါဝင်တယ်လို့ သူမက ဆိုပါတယ်။

Smoke Break သီချင်းကို Jay Joyce က ထုတ်လုပ်ခဲ့ပြီး Carrie Underwood နဲ့ ပထမဆုံးလက်တွဲမှုဖြစ်ပါတယ်။ ဒီသီချင်းဟာ ဂရမ်မီဆုရအဆိုတော်ရဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ မှာထွက်ရှိမယ့် ပဉ္စမမြောက် စတူဒီယိုအယ်ဘမ် ‘Storyteller’ မှာ ပါဝင်မှာဖြစ်တယ်လို့ Facebook မှာ မနေ့ ကတင်ခဲ့တဲ့ သူမရဲ့ ဗီဒီယိုမှာ ပြောပြခဲ့ပါတယ်။

Underwook ဟာ အခွေထဲက သီချင်းခြောက်ပုဒ်မှာ ပါဝင်ရေးစပ်ထားတယ်လို့  ဆိုပါတယ်။ “ ကန်းထရီးဂီတရဲ့ ဇာတ်ကြောင်းပြောပုံစံမျိုးကို ကျွန်မ သဘောကျတယ်။ ဒီအချက်က ကန်းထရီးဂီတရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်မအမြဲရှိနေချင်တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါ” လို့ သူမက Facebook မှာ ရေးသားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: rollingstones