Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အတွင်းခံတွေနဲ့ ရိုက်ကူးရမယ့် ကြော်ငြာ ဓါတ်ပုံအတွက် ဒေါ်လာ ၁၀ သန်းတောင်းဆိုထားတဲ့ Taylor Swift တို့စုံတွဲ

အတွင်းခံတွေနဲ့ ရိုက်ကူးရမယ့် ကြော်ငြာ ဓါတ်ပုံအတွက် ဒေါ်လာ ၁၀ သန်းတောင်းဆိုထားတဲ့ Taylor Swift တို့စုံတွဲ

| No comment



ဂီတ လောက မှာ အချမ်းသာဆုံးလို့ ပြောနိုင်မယ့် ကန်းထရီး အဆိုတော်မလေး Taylor Swift နဲ့ EDm ပညာရှင် Calvin Harris တို့ဟာ သူတို့ရဲ့ အောက်ခံ ဘောင်းဘီတွေနဲ့ ဓါတ်ပုံရိုက်ပြီး စံချိန်တင် အနုပညာကြေး တစ်ရပ်ကို ရရှိဦးမှာဖြစ်ပါတယ်။

Taylor Swift နဲ့ Calvin Harris တို့ဟာ သူတို့ရဲ့ အတွင်းခံတွေနဲ့ အတူရိုက်ကူးပေးမယ့် ကြော်ငြာ ဓါတ်ပုံအတွက် အနုပညာကြေး ဒေါ်လာ ၁၀ သန်း တောင်းခံခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Armani ကုမ္မဏီ ရဲ့သူဋ္ဌေးတွေကတော့ ထိပ်တန်း အနုပညာစုံတွဲဖြစ်တဲ့ Taylor နဲ့ Calvin ကို သူတို့ရဲ့ ကြော်ငြာ အစီအစဉ်အသစ်အတွက် အတူတကွ ပွဲထုတ်ချင်နေကြပါတယ်။ မကြာသေးခင်ကလည်း Armani ကုမ္မဏီ ရဲ့ အမျိုးသားသုံး အတွင်းခံ ဘောင်းဘီ ကြော်ငြာအတွက် Calvin Harris ကို အသုံးပြုပြီး အောင်မြင်မှုရခဲ့ပြီးပါပြီ။

Armani ရဲ့ ကြော်ငြာအစီအစဉ်တွေမှာ ၂၀၀၉ ခုနှစ်ကလည်း David Beckham နဲ့ Victoria Beckham တို့ ၂ ယောက်လည်း စုံတွဲ ကြော်ငြာဓါတ်ပုံ ရိုက်ပေးခဲ့ဖူးပါတယ်။

ကုမ္မဏီ နဲ့ နီးစပ်သူတစ်ဦးရဲ့ အဆိုအရတော့ Armani အမှတ်တံဆိပ် ရဲ့ ပိုင်ရှင် အဖွဲ့ဟာ David နဲ့ Victoria တို့ စုံတွဲနဲ့ ကြော်ငြာအစီအစဉ် ရိုက်ကူးစဉ်က အောင်မြင်မှုလိုမျိုးပဲ အခုတစ်ခေါက်လည်း Taylor Swift နဲ့ Calvin Harris တို့ ရဲ့ ကြော်ငြာကို အားထားနေတယ်လို့သိရပါတယ်။ Taylor တို့ဘက်က တောင်းဆိုထားတဲ့ ၁၀ သန်းဟာ များပြားပေမယ့်လည်း သူတို့ရဲ့ ကြော်ငြာ အစီအစဉ်သာ အောင်မြင်ခဲ့ရင်တော့ ၃ ဆ မက ပို အမြတ်ထွက်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် Taylor Swift နဲ့ အသက် ၃၁ နှစ်အရွယ် Calvin Harris တို့စုံတွဲဟာ ၂ ယောက်ပေါင်း ဒေါ်လာ ၁၄၆ သန်း ခန့် ထိ ချမ်းသာတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror